တာချီလိတ်တွင် ပိုးတွေ့လူနာများတိုးလာ၍ ကျေးရွာအုပ်စု (၆) အုပ်စုနှင့် ရပ်ကွက် (၉) ခုတွင် အသွားအလာကန့်သတ်သည့်နေရာများတိုးလာ

တာချီလိတ်တွင် ပိုးတွေ့လူနာများတိုးလာ၍ ကျေးရွာအုပ်စု (၆) အုပ်စုနှင့် ရပ်ကွက် (၉) ခုတွင် အသွားအလာကန့်သတ်သည့်နေရာများတိုးလာ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်တွင်  ပိုးတွေ့လူနာများတိုးလာ၍ ကျေးရွာအုပ်စု (၆) အုပ်စုနှင့် ရပ်ကွက် (၉) ခုတွင် အသွားအလာကန့်သတ်သည့် နေရာများတိုးလာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အတည်ပြုလူနာ (၁၆)ဦးအထိ တိုးလာ၍ ကျေးရွာအုပ်စု (၆) ခုနှင့် မြို့ပေါ်ရပ်ကွက် (၁၀) ခုအတွင်းမှ အတည်ပြုလူနာ၏ နေအိမ်များကို အသွားအလာကန့်သတ်လိုက်ပြီဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် ဝမ်လုံးကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာ (၁၆၉) ရွာတို့ကို ကျေးရွာအစီအစဉ်များဖြင့် သတ်မှတ်ထားပြီး မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပုန်းထွန်ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ပါဆတ်ရပ်ကွက်များရှိ နေအိမ် (၁၆) လုံး၊ ဟိုတယ် (၂) လုံးကို အသွားအလာ ကန့်သတ်လိုက်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့အထိ တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၅၀)ဦး တိတိရှိနေပြီး အားလုံးမှာ ခုတင်(၁၀၀)ဆံ့ဆေးရုံ၊ ဆေးရုံဟောင်း နှင့် မိုးကုတ်တရားရိပ်သာတို့တွင် ထားရှိသည်။ 
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Tachileik Volunteer
                                
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~