တာချီလိတ်တွင် UBP ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို USDP ကန့်ကွက်၍ တစ်သီးပုဂ္ဂလအဖြစ် ပြောင်းလဲယှဉ်ပြိုင်မည်

တာချီလိတ်တွင် UBP ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို USDP ကန့်ကွက်၍ တစ်သီးပုဂ္ဂလအဖြစ် ပြောင်းလဲယှဉ်ပြိုင်မည်
စက်တင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်တွင် UBP ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို USDP ကန့်ကွက်၍ တစ်သီးပုဂ္ဂလအဖြစ် ပြောင်းလဲယှဉ်ပြိုင်မည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကန့်ကွက်၍ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်  ပြောင်းလဲလိုက်ကြောင်း သိရသည်။
“တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မှာက UBP (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) ကနေ USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ကန့်ကွက်လို့ ထွက်လာတဲ့ ကိုထွန်းပေါ်သိန်းပေါ့။ အမည်စာရင်းထွက်လာပြီးမှ USDP က ကန့်ကွက်လို့ ပြောင်းလိုက်တာ”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့တွင် ပြောသည်။
ယခင်က USDP ပါတီဝင်တစ်ဦးဖြစ်သည့် ဦးထွန်းပေါ်သိန်းက  ပါတီမှ နှုတ်ထွက်ခွင့်တင်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်  UBP မှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း USDP က ပါတီမှ နှုတ်ထွက်ခွင့်မပေးဘဲ ကန့်ကွက်သဖြင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူတို့သဘောထားထုတ်ပြန်ချက်မှာ တစ်သီးပုဂ္ဂလအနေနဲ့က ကန့်ကွက်ရန်မရှိပါလို့ ပါတယ်။ ပါတီက နှုတ်ထွက်ခွင့်မပေးလို့ ကျွန်တော်က တစ်သီးပုဂ္ဂလဖြစ်သွားတာ။ UEC မှာ နိုင်ငံသားတိုင်း ကိုယ်စားလှယ်ရွေးခွင့်ရှိတယ်ဆိုတဲ့ ဥပဒေအရ ကျွန်တော်က ကိုယ်စားလှယ်ဖြစ်ခွင့်ရတာ။ သူတို့ကန့်ကွက်တာက တစ်ချိန်တည်းမှာ လူတစ်ဦးက ပါတီ (၂)ခု ဝင်လို့မရတဲ့ ဥပဒေနဲ့ ကန့်ကွက်တာကြောင့် တစ်ခြားပါတီက ရွေးခွင့်မရတာပေါ့။ အခုက ကျွန်တော်က ပါတီနောက်ခံ မရှိတော့ဘူးဆိုတဲ့ သဘောဖြစ်လို့ တစ်သီးပုဂ္ဂလရွေးခွင့်ကို UEC က ပေးတာပေါ့နော်”ဟု တာချီလိတ်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းပေါ်သိန်းက ပြောသည်။
တာချီလိတ်ခရိုင်အတွင်း ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၁၈) ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၈) ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း (၁၉) ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)အတွက် ကိုယ်စားလှယ်လောင်း (၁၉) ဦး စုစုပေါင်း (၆၄) ဦးကို အမည်စာရင်းတင်သွင်းထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~