လူကိုကူးစက္ျခင္း မရိွေသာ္လည္း ဝက္မ်ားတြင္ ကူးစက္နုိင္၍ တာခ်ီလိတ္ခရိုင္အတြင္း ဝက္ေမြးျမဴမႈမ်ားအား ကြင္းဆင္းစစ္ေဆးမႈမ်ား ဆက္တုိက္လုပ္ေဆာင္ေန

လူကိုကူးစက္ျခင္း မရိွေသာ္လည္း ဝက္မ်ားတြင္ ကူးစက္နုိင္၍ တာခ်ီလိတ္ခရိုင္အတြင္း ဝက္ေမြးျမဴမႈမ်ားအား ကြင္းဆင္းစစ္ေဆးမႈမ်ား ဆက္တုိက္လုပ္ေဆာင္ေန
သြဂုတ် 13, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း ၿမိဳ႕နယ္ (၃)ခုတြင္ ဝက္မ်ားေသဆံုးေနမႈမွာ ဝက္သား စားသံုးသူမ်ားအတြက္ က်န္းမာေရး ထိခုိက္ေစျခင္း မရိွေသာ္လည္း ဝက္မ်ားတြင္ ေရာဂါကူးစက္လြယ္သျဖင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ေဒသတြင္း ကြင္းဆင္းစစ္ေဆးျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“က်ိဳင္းတံုမွာ PCV 2 ေတြ႔ရတယ္လုိ႔ သိရတယ္။ ဒီဘက္မွာလည္း ကၽြန္ေတာ္တုိ႔ သံုးသပ္လုိ႔ရသေလာက္ PCV 2 ပဲျဖစ္ေစ ေနာက္ အာဖရိကဝက္အျပင္းဖ်ားပဲျဖစ္ေစ လူကိုကူးစက္တဲ့ ေရာဂါမ်ိဳးမဟုတ္ပါဘူး ခင္ဗ်။ ကၽြန္ေတာ္တုိ႔က ဘာေၾကာင့္ အေရးတယူလုပ္ေနရလဲဆိုေတာ့ ဒါေတြက ဝက္ဝက္ခ်င္း ကူးစက္မယ္ဆိုလို႔ရိွရင္ ရြာေတြမွာဆို တစ္ေကာင္ေရာဂါဝင္လုိက္တာနဲ႔ ေသဆံုးႏႈန္းက ျမင့္တက္သြားမွာေလ။ ဝက္ေသဆံုးႏႈန္း ျမင့္သြားရင္ ျပည္သူလူထုရဲ႕စီးပြားေရးဆံုးရံႈးမႈ မ်ားသြားမွာစိုးတဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္တုိ႔က အေရးတယူလုိက္ၿပီး ေဆာင္ရြက္ေနတာပါ”ဟု တာခ်ီလိတ္ၿမို႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသတြင္း ဝက္ေသဆံုးမႈမ်ားေၾကာင့္ ဝက္ေသ၊ဝက္နာမ်ားအား မစားသံုးဘဲ စနစ္တက် ေျမျမဳပ္ျခင္း၊ မီးရိႈ႕ျခင္းျဖင့္ အျခားဝက္မ်ားထံ ေရာဂါကူးစက္ျခင္းမရိွေစရန္လုပ္ေဆာင္ရန္ သတိေပးထားျခင္းျဖစ္ေသာ္လည္း အစိုးရိမ္လြန္သည့္ ေဒသခံမ်ားက ဝက္သားစားသံုးမႈ ေလ်ာ့နည္းသြားေၾကာင္း သိရသည္။

“ေရာဂါရွိတဲ့ ၀က္သားကို စားမိရင္ လူကို မကူးဘဲ၊ ၀က္ေတြကိုပဲ ကူးတတ္တယ္ဆိုတဲ့ အသိပညာေပးမႈေတြကို အဓိက ကေတာ့ ၿမိဳ႕ေပၚမွာ  ျပဳလုပ္ေပးရင္ ပိုေကာင္းလိမ့္မယ္၊ အခုက ၿမိဳ႕ေပၚက လူေတြက စိုးရိမ္စိတ္မ်ားၿပီး မစားၾကေတာ့ဘူး၊   ဝက္သားေရာင္းအားက အခုဆိုရင္ အရင္ကထက္ ဆယ္ဆေလာက္ ေရာင္းအားက်သြားတယ္”ဟု တာခ်ီလိတ္တြင္ ဝက္သားေရာင္းခ်သည့္ဆုိင္ရွင္တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဝက္ေသဆံုးမႈျဖစ္ပြားသည့္ ေက်းရြာမ်ားသို႔ တာခ်ီလိတ္ၿမို႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက ၾသဂုတ္လ (၃)ရက္ေန႔ကတည္းက ကြင္းဆင္းၿပီး ဝက္မ်ားေရာဂါကာကြယ္ေရးအတြက္ လိုအပ္သည့္ပံ့ပိုးမႈမ်ား လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

“လက္ရိွမွာေတာ့ ဝက္ေသဆံုးမႈေလ်ာ့သြားပါတယ္။ အစကလည္း ေသႏႈန္းဆိုတာ တစ္ပတ္၊ ဆယ္ရက္ေလာက္ျဖစ္ၿပီးမွ ကၽြန္ေတာ္တုိ႔က သိရတာမို႔ အဲဒီလိုျဖစ္သြားတာပါ။ ဝက္နာ၊ ဝက္ေသသားကို မစားခုိင္းတာကလည္း အသားကလည္း မေကာင္းေတာ့ဘူး။ ေနာက္တစ္ခုက ဒါကို သယ္ေဆာင္တယ္၊ ေရာင္းခ်တယ္ဆိုတာ ေရာဂါကိုပ်ံ႕ႏွံ႕ေစတဲ့အတြက္ ဒါကတားျမစ္ရမယ့္ဟာကို ျဖစ္ေနလုိ႔ပါ။ ဝက္ေတြဆီကို ျပန္ကူးမွာစိုးလုိ႔ပါ”ဟု ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ တာခ်ီလိတ္ၿမို႕နယ္ဦးစီးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုးက ေျပာသည္။

တာခ်ီလိတ္ခရို္င္အတြင္း တာခ်ီလိတ္၊ မုိင္းျဖတ္ႏွင့္ မုိင္းေယာင္းၿမိဳ႕နယ္မ်ားတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ အတြင္း ဝက္ေသဆံုးမႈမ်ားျဖစ္ေနသျဖင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ေရာဂါျဖစ္ဝက္မ်ား၏ ေသြးနမူနာကို ဓါတ္ခြဲခန္းပို႔စစ္ထားၿပီး ေက်းရြာမ်ား အထိကြင္းဆင္းကာ နာဖ်ားဝက္မ်ားအား ေဆးထိုးျခင္း၊ ဝက္ေမြးျမဴသည့္ေနရာမ်ားတြင္ ၿခံဖ်န္းေဆးမ်ားျဖန္းေပးျခင္း၊ ဝက္ေမြးျမဴသူမ်ားအေနျဖင့္ ဝက္မ်ားေရာဂါကာကြယ္ေရးအတြက္ သိသင့္သည္မ်ားကို ပညာေပးေဆြးေႏြးျခင္းမ်ားကို ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - LBVD


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မြို့နယ် (၃)ခုတွင် ဝက်များသေဆုံးနေမှုမှာ ဝက်သား စားသုံးသူများအတွက် ကျန်းမာရေး ထိခိုက်စခြေင်း မရှိသော်လည်း ဝက်များတွင် ရောဂါကူးစက်လွယ်သဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေသတွင်း ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“ကျိုင်းတုံမှာ PCV 2 တွေ့ရတယ်လို့ သိရတယ်။ ဒီဘက်မှာလည်း ကျွန်တော်တို့ သုံးသပ်လို့ရသလောက် PCV 2 ပဲဖြစ်စေ နောက် အာဖရိကဝက်အပြင်းဖျားပဲဖြစ်စေ လူကိုကူးစက်တဲ့ ရောဂါမျိုးမဟုတ်ပါဘူး ခင်ဗျ။ ကျွန်တော်တို့က ဘာကြောင့် အရေးတယူလုပ်နေရလဲဆိုတော့ ဒါတွေက ဝက်ဝက်ချင်း ကူးစက်မယ်ဆိုလို့ရှိရင် ရွာတွေမှာဆို တစ်ကောင်ရောဂါဝင်လိုက်တာနဲ့ သေဆုံးနှုန်းက မြင့်တက်သွားမှာလေ။ ဝက်သေဆုံးနှုန်း မြင့်သွားရင် ပြည်သူလူထုရဲ့စီးပွားရေးဆုံးရှုံးမှု များသွားမှာစိုးတဲ့အတွက်ကြောင့် ကျွန်တော်တို့က အရေးတယူလိုက်ပြီး ဆောင်ရွက်နေတာပါ”ဟု တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်း ဝက်သေဆုံးမှုများကြောင့် ဝက်သေ၊ဝက်နာများအား မစားသုံးဘဲ စနစ်တကျ မြမြေုပ်ခြင်း၊ မီးရှို့ခြင်းဖြင့် အခြားဝက်များထံ ရောဂါကူးစက်ခြင်းမရှိစေရန်လုပ်ဆောင်ရန် သတိပေးထားခြင်းဖြစ်သော်လည်း အစိုးရိမ်လွန်သည့် ဒေသခံများက ဝက်သားစားသုံးမှု လျော့နည်းသွားကြောင်း သိရသည်။

“ရောဂါရှိတဲ့ ဝက်သားကို စားမိရင် လူကို မကူးဘဲ၊ ဝက်တွေကိုပဲ ကူးတတ်တယ်ဆိုတဲ့ အသိပညာပေးမှုတွေကို အဓိက ကတော့ မြို့ပေါ်မှာ ပြုလုပ်ပေးရင် ပိုကောင်းလိမ့်မယ်၊ အခုက မြို့ပေါ်က လူတွေက စိုးရိမ်စိတ်များပြီး မစားကြတော့ဘူး၊ ဝက်သားရောင်းအားက အခုဆိုရင် အရင်ကထက် ဆယ်ဆလောက် ရောင်းအားကျသွားတယ်”ဟု တာချီလိတ်တွင် ဝက်သားရောင်းချသည့်ဆိုင်ရှင်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ဝက်သေဆုံးမှုဖြစ်ပွားသည့် ကျေးရွာများသို့ တာချီလိတ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သြဂုတ်လ (၃)ရက်နေ့ကတည်းက ကွင်းဆင်းပြီး ဝက်များရောဂါကာကွယ်ရေးအတွက် လိုအပ်သည့်ပံ့ပိုးမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“လက်ရှိမှာတော့ ဝက်သေဆုံးမှုလျော့သွားပါတယ်။ အစကလည်း သေနှုန်းဆိုတာ တစ်ပတ်၊ ဆယ်ရက်လောက်ဖြစ်ပြီးမှ ကျွန်တော်တို့က သိရတာမို့ အဲဒီလိုဖြစ်သွားတာပါ။ ဝက်နာ၊ ဝက်သေသားကို မစားခိုင်းတာကလည်း အသားကလည်း မကောင်းတော့ဘူး။ နောက်တစ်ခုက ဒါကို သယ်ဆောင်တယ်၊ ရောင်းချတယ်ဆိုတာ ရောဂါကိုပျံ့နှံ့စေတဲ့အတွက် ဒါကတားမြစ်ရမယ့်ဟာကို ဖြစ်နေလို့ပါ။ ဝက်တွေဆီကို ပြန်ကူးမှာစိုးလို့ပါ”ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးက ပြောသည်။

တာချီလိတ်ခရို်င်အတွင်း တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ အတွင်း ဝက်သေဆုံးမှုများဖြစ်နေသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရောဂါဖြစ်ဝက်များ၏ သွေးနမူနာကို ဓာတ်ခွဲခန်းပို့စစ်ထားပြီး ကျေးရွာများ အထိကွင်းဆင်းကာ နာဖျားဝက်များအား ဆေးထိုးခြင်း၊ ဝက်မွေးမြူသည့်နေရာများတွင် ခြံဖျန်းဆေးများဖြန်းပေးခြင်း၊ ဝက်မွေးမြူသူများအနဖြေင့် ဝက်များရောဂါကာကွယ်ရေးအတွက် သိသင့်သည်များကို ပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - LBVD

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net