ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ နောက်ထပ်(၆)ဦး ထပ်တွေ့၍ တကျော့ပြန် Covid-19 ကူးစက်မှုအတွင်း စုစုပေါင်း (၆၉)ဦးအထိ ရှိလာ

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ နောက်ထပ်(၆)ဦး ထပ်တွေ့၍ တကျော့ပြန် Covid-19 ကူးစက်မှုအတွင်း စုစုပေါင်း (၆၉)ဦးအထိ ရှိလာ
စက်တင်ဘာ 29, 2022 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်  စက်တင်ဘာလ(၂၈)ရက်နေ့၏ စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ (၆)ဦး ထပ်တိုး တွေ့ရှိကြောင်း သိရသည်။

စက်တင်ဘာလ(၂၈)ရက်နေ့က  ထိတွေ့သံသယ စုစုပေါင်း (၇၈)နှစ်ဦးကို စစ်ဆေးရာမှ (၆)ဦးတွင် Covid-19 တွေ့ရရှိရခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့ကနေ စက်တင်ဘာလ(၂၈)ရက်နေ့အထိ စစ်ဆေးတွေ့ရှိချက်အရ Covid-19 ကူးစက်ခံရသူ (၆၉)ဦး ရှိရာ (၁)ဦးမှာ သေဆုံးသွားပြီး လက်ရှိတွင် ကျန်းမာရေးအဖွဲ့၏ စောင့်ကြည့်ခံ (၁၄)ဦး ကျန်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် Covid-19 ကာကွယ်ဆေးများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက်(၉)နာရီမှ ညနေ(၄)နာရီအတွင်း ပါလျံတံခါးအနီးရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် အခမဲ့ ထိုးနှံပေးနေကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း  Covid-19 တတိယလှိုင်း ငြိမ်သွားပြီးနောက် တကျော့ပြန် ပြန်လည် ကူးစက်မှုအဖြစ် ကျိုင်းတုံမြို့တွင် ပထမဆုံး ပြန်လည်တွေ့ရှိရပြီးနောက်တွင် တာချီလိတ်မြို့၌ ဒုတိယမြောက်အဖြစ် ပြန်လည် တွေ့ရှိလာခြင်း ဖြစ်သည်။