မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၂၀)ဦး တွေ့ရှိ

 မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၂၀)ဦး တွေ့ရှိ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၂၀)ဦး တွေ့ရှိကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၁၁)ရက်နေ့ ညနေ(၃)နာရီအထိ စစ်ဆေးတွေ့ရှိမှုများအရ မိုင်းဆတ်မြို့ပေါ် မြို့သစ်မှ(၁၃)ဦး၊ မယ်ဆွမ်မြောက်မှ (၂)ဦး၊  ဝိန်းနေ မှ (၂)ဦး၊ ဝိန်းဝိုင် မှ (၁)ဦး၊ မယ်ကြုတ်ကျေးရွာမှ (၁)ဦး နှင့် ဝမ်ကောင်းကျေးရွာမှ (၁)ဦး စုစုပေါင်း တစ်နေ့တည်း (၂၀)ဦး စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။

မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၂၀၈၅)ဦး ရှိနေရာမှ (၁၂)ဦး သေဆုံးသွားကာ လက်ရှိတွင် Covid-19 ပိုးတွေ့ရှိထား၍ သီးသန့်ထားရှိသူ (၁၄၅)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။