တာချီလိတ်မြို့အတွင်း စည်းကမ်းမလိုက်နာသည့် မြေသယ်ယာဉ်များကို အမြင့်ဆုံးဒဏ်ကြေးချမှတ်နိုင်သည့် ဥပဒေများဖြင့် ဆက်လက် အရေးယူမည်

တာချီလိတ်မြို့အတွင်း စည်းကမ်းမလိုက်နာသည့် မြေသယ်ယာဉ်များကို အမြင့်ဆုံးဒဏ်ကြေးချမှတ်နိုင်သည့် ဥပဒေများဖြင့် ဆက်လက် အရေးယူမည်
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်မြို့အတွင်း စည်းကမ်းမလိုက်နာသည့် မြေသယ်ယာဉ်များကို အမြင့်ဆုံးဒဏ်ကြေးချမှတ်နိုင်သည့် ဥပဒေများဖြင့် ဆက်လက် အရေးယူမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်း သွားလာနေသည့် အုတ်၊ သဲ၊ ကျောက်နှင့် မြေသယ်ယာဉ်များကို အဖုံးအကာများဖြင့် လုံခြုံစွာ သယ်ဆောင်ရန် သတ်မှတ်ထားပြီး စည်းကမ်းမလိုက်နာသည့် ယာဉ်များကို ဖမ်းဆီးပြီး အမြင့်ဆုံးဒဏ်ကြေးချမှတ်နိုင်သည့် ဥပဒေများဖြင့် တရားရုံးသို့ တရားစွဲဆိုတင်ပို့နေကြောင်း သိရသည်။
“ကျွန်တော်တို့ တရားစွဲတယ်ဆိုတာ နောင်ကျဉ်အောင်လို့၊ လိုက်နာအောင်လို့ စွဲတာပါ။  တစ်ချို့ကကျတော့ တစ်ခါဒဏ်ကြေးဆောင်ပြီးရင် ပြီးသွားပြီ ထင်နေတာ။ ကျွန်တော်တို့ကထပ်တွေ့ရင် ထပ်ဖမ်းတယ်။ ဖမ်းခံရတော့ ပြောတယ်။ မနေ့ကမှ အဖမ်းခံထားရတာ။ အဖမ်းခံရတော့ စည်းကမ်းလိုက်နာလားလို့မေးလိုက်တယ်။ မလိုက်နာရင်တော့ ထပ်အဖမ်းခံရမှာပဲ”ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြေသယ်ယာဉ်၊ ကျောက်သယ်ယာဉ်များအနေဖြင့် လမ်းမများထက်တွင် မောင်းနှင်ပါက အဖုံးအကာများဖြင့် လုံခြုံစွာ တင်ဆောင်မောင်းနှင်ရန် သတ်မှတ်ထားပြီး စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်များကို အမြင့်ဆုံးဒဏ်ကြေး ကျပ် (၈၀,၀၀၀) အထိပေးဆောင်ရသည့် ဥပဒေများဖြင့် တရားရုံးတွင် တရားစွဲဆိုတင်ပို့နေကြောင်း သိရသည်။
တာချီလိတ်မြို့အတွင်း မောင်းနှင်နေသည့် မြေသယ်၊ ကျောက်သယ်ယာဉ်အများစုမှာ လုံခြုံစွာသယ်ဆောင်ခြင်းမရှိသဖြင့် လမ်းမများထက်တွင် မြေကြီးများနှင့် ကျောက်ခဲများ ပြုတ်ကျမှုများရှိနေပြီး လမ်းမထက်တွင် သွားလာနေသူများအတွက် အန္တရာယ်ရှိသဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ဖမ်းဆီးရာတွင် (၇) ရက်တာကာလ အတွင်း အစီး (၅၀) အထိဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~