တာချီလိတ်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အချင်းချင်းရန်ဖြစ်ရာမှ တစ်ဦးသေ၍ သုံးဦးကို ဖမ်းဆီးထား

တာချီလိတ်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အချင်းချင်းရန်ဖြစ်ရာမှ တစ်ဦးသေ၍ သုံးဦးကို ဖမ်းဆီးထား
မတ် 9, 2020
By Tachileik News Agency

တာချီလိတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အချင်းချင်းရန်ဖြစ်ရာမှ တစ်ဦးသေ၍ သုံးဦးကို ဖမ်းဆီးထား

မြန်မာ- ထိုင်းနယ်စပ်ဒေသ၊  တာချီလိတ်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အချင်းချင်းရန်ဖြစ်ရာမှ အရိုက်ခံရသည့် အမျိုးသားတစ်ဦး ဆေးရုံတွင် ကုသမှုခံယူစဉ် သေဆုံးသွားသဖြင့် ရန်ဖြစ်ရာ၌ ပါဝင်သည့် အမျိုးသား (၃)ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ဆောက်လက်စအဆောက်အဦး အလုပ်ဆိုဒ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၈)ရက်နေ့က စကားများရန်ဖြစ်ကြ၍ ကျဟယ် (ခ) ရှောက်လီမှာ ဒဏ်ရာများရသွားကြောင်း ကျဟယ်(ခ) ရှောက်လီ၏ ဇနီးက ရဲတပ်ဖွဲ့ထံ တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ကျဟယ်(ခ) ရှောက်လီ ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၆၄/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကျဟယ် (ခ) ရှောက်လီမှာ ရရှိသည့် ဒဏ်ရာများဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် မတ်လ (၉)ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်တွင် သေဆုံးသွားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၂၅ မှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျဟယ် (ခ) ရှောက်လီသေဆုံးမှုနှင့်ပတ်သက်၍ ဦးညို (ခ) တင်မောင်ညွန့်၊ နေဖြိုးပိုင် (ခ) ငအိုနှင့် ခန့်စည်ကျော် (ခ) ငမဲတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~