တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအထိ Covid-19 အတည်ပြုလူနာ (၄)ဦးတိုး

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအထိ Covid-19 အတည်ပြုလူနာ (၄)ဦးတိုး
ဒီဇင်ဘာ 10, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအထိ Covid-19 အတည်ပြုလူနာ (၄)ဦးတိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် COVID 19 အတည်ပြုလူနာ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂) ဦး တွေ့ရသည့်အနက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
အနံ့မရသဖြင့် လာရောက်စစ်ဆေးသည့် မိသားစုဝင် (၅)ဦးအနက် (၄)ဦးတွင် ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် COVID 19 ဒုတိယလှိုင်းအဖြစ် စတင်လာသည့် နိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ အတည်ပြုလူနာတွေ့ရှိမှု စုစုပေါင်း (၉၁)ဦးရှိနေပြီဖြစ်ပြီး ယင်းတို့အနက် ဒီဇင်ဘာလ (၉)ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရသူ (၂၂)ဦးရှိပြီဖြစ်သည်။
တာချီလိတ်မြို့နယ်တွင် COVID 19 ဒေသတွင်း ကူးစက်မှုဖြစ်နေ၍ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ သွားလာနေထိုင်ခြင်း၊ အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးခြင်းဖြင့် ပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~