ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ (၁၄)ဦး ထပ်တိုး

 ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ (၁၄)ဦး ထပ်တိုး
သြဂုတ် 2, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၂)ရက်နေ့၏ တစ်နေ့တာအတွင်း စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၁၄)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

ယနေ့တွင် (၄၄)ဦးကို စစ်ဆေးရာက (၁၄)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ရာ ကျိုင်းတုံမြို့ ကန်နားပူလွယ်၊ ကျိုင်းခုံရပ်၊ ပါမာန်ရပ် နှင့် နွဲ့နောတို့မှ ပါဝင်ပြီး (၁၄)ဦးအနက် (၃)ဦးမှာ ခရီးသွားရာဇဝင်မရှိဘဲ ပိုးတွေ့ရှိရသူများ ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ဩဂုတ်တလ(၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၂၂၀)ဦးအထိရှိပြီး သေဆုံးသူမှာ (၂)ဦးရှိကာ ဆေးရုံဆင်းခွင့်ရရှိသူများမှာ (၆၆)ဦးအထိ ရှိကြောင်း နှင့် လက်ရှိတွင် ကုသမှု ခံယူနေသူမှာ (၁၅၂)ဦး ရှိနေကြောင်း သိရသည်။