တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ကုန်စိမ်းနှင့် စားသောက်ကုန်ခြောက် လက်ကားရောင်းမည့် ပြည်တော်သာဈေး စတင်ဖွင့်လှစ်

တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ကုန်စိမ်းနှင့် စားသောက်ကုန်ခြောက် လက်ကားရောင်းမည့် ပြည်တော်သာဈေး စတင်ဖွင့်လှစ်
သွဂုတျ 19, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  ထိုင်းနိုင်ငံမှ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်ခြောက်များ လက်ကားဖြန့်ဖြူးမည့်ပုဂ္ဂလိဈေး ပြည်တော်သာကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သည်။


တာချီလိတ်မြို့တွင် စည်ပင်သာယာဈေးများအပြင် ပုဂ္ဂလိကဈေးများလည်း ခွင့်ပြုထားခြင်းဖြစ်ပြီး လက်ရှိတွင် ပုန်းထွန်ဈေး၊ မြို့မဈေး၊ ဝမ်ကောင်းဈေး၊ ဘုရင့်နောင်ဈေး၊ အာခါဈေး၊ ဆန်ဆိုင်းဈေး၊ ရွှေမြေသာယာ (လားဟူ) ဈေး၊ ပါလျှံ(၃)ဈေးနှင့် ပါလျှံ(၂)ဈေးတို့ရှိနေပြီး ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဆန်ဆိုင်းဈေးအနီးရှိ ပြည်တော်သာဈေးမှာ ထိုင်းနိုင်ငံမှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားသောက်ကုန်ခြောက်များ လက်ကားရောင်းသည့် ပထမဆုံးဈေးဖြစ်လာသည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနို်င်ငံမှ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်ခြောက်များ လက်ကားဖြန့်ဖြူးမည့်ပုဂ္ဂလိဈေး ပြည်တော်သာကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သည်။

အဆိုပါဈေးအား တာချီလိတ်မြို့ ဆန်ဆိုင်းဈေးအနီးတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံမှ အသီးအရွက်၊ သစ်သီးဝလံနှင့် စားသောက်ကုန်ခြောက်များကို နေ့စဉ် နံနက် (၄)နာရီမှ နေ့လယ် (၂)နာရီအထိ ပိတ်ရက်မရှိ လက်ကားရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် စည်ပင်သာယာဈေးများအပြင် ပုဂ္ဂလိကဈေးများလည်း ခွင့်ပြုထားခြင်းဖြစ်ပြီး လက်ရှိတွင် ပုန်းထွန်ဈေး၊ မြို့မဈေး၊ ဝမ်ကောင်းဈေး၊ ဘုရင့်နောင်ဈေး၊ အာခါဈေး၊ ဆန်ဆိုင်းဈေး၊ ရွှေမြေသာယာ (လားဟူ) ဈေး၊ ပါလျှံ(၃)ဈေးနှင့် ပါလျှံ(၂)ဈေးတို့ရှိနပြေီး ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဆန်ဆိုင်းဈေးအနီးရှိ ပြည်တော်သာဈေးမှာ ထိုင်းနို်င်ငံမှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားသောက်ကုန်ခြောက်များ လက်ကားရောင်းသည့် ပထမဆုံးဈေးဖြစ်လာသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net