သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်းက နည်းစနစ်မမှန်ရင် ရောဂါပျံ့နှံ့မှုအတွက် အားပေးသလို ဖြစ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်းက နည်းစနစ်မမှန်ရင် ရောဂါပျံ့နှံ့မှုအတွက် အားပေးသလို ဖြစ်
ဇူလိုင် 11, 2020
By Tachileik News Agency

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်းက နည်းစနစ်မမှန်ရင် ရောဂါပျံ့နှံ့မှုအတွက် အားပေးသလို ဖြစ်

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်တာတွေက နည်းစနစ်မမှန်ရင် ရောဂါပျံ့နှံမှုအတွက် အားပေးသလိုဖြစ်နေတဲ့အတွက်ကြောင့်မလို ရောဂါပိုးတွေ့ရှိမှသာ  နေထိုင်တဲ့အိမ်ပတ်ဝန်းကျင်ကနေ စက်အများနဲ့ လေးဘက်လေတန် ပိတ်ဆို့ပြီး ခြင်ဆေးမှုန်မှသာ ထိရောက်နိုင်မှာ ဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောပါတယ်။

လက်ရှိ COVID-19 ကာလကြောင့် ပြည်သူတွေက ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်တွေကို ပိုမိုလေ့လာနေပြီး သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေစိတ်ဝင်စားမှုရှိနေပေမယ့် လိုက်နာမှုပိုင်းမှာ အားနည်းနေသေးကြောင်း ဒေါက်တာဘစိုးသက်က ပြောပါတယ်။

နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းက ကျေးရွာတွေမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွေရှိနေပြီး ၂၀၂၀ ခုနှစ် ဇွန်လက မိုင်းကိုးကျေးရွာအုပ်စုအတွင်းမှာ သက်တော် (၄၀) ကျော်အရွယ် ဆရာတော် နှစ်ပါးဟာ သွေးလွန်းတုပ်ကွေးကြောင့် ပျံလွန်တော်မှုခဲ့ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~