မိုင်းဖြတ်မြို့မှ Covid-19 အတည်ပြုလူနာအားလုံး ဆေးရုံဆင်း

မိုင်းဖြတ်မြို့မှ Covid-19 အတည်ပြုလူနာအားလုံး ဆေးရုံဆင်း
ဒီဇင်ဘာ 13, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့မှ Covid-19 အတည်ပြုလူနာအားလုံး ဆေးရုံဆင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ ပြည်သူ့ဆေးရုံ၌ ကုသပေးနေသည့် COVID 19 အတည်ပြုလူနာ (၃) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ မိုင်းဖြတ်မှ အတည်ပြုလူနာအားလုံး ဆေးရုံဆင်းပြီဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ အမျိုးသမီး (၃)ဦးမှာ နမ့်လောက်ကျေးရွာနှင့် ဟောင်ဟင်ကျေးရွာများမှဖြစ်ပြီး တာချီလိတ်မြို့ ဝမ်ကျောက်လုံတွင် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ အတည်ပြုလူနာ (၁၃၄) ဦး တွေ့ခဲ့ရသည့်အနက် ဆေးရုံဆင်းခွင့်ရသူစုစုပေါင်း (၈၁)ဦး ရှိခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုသာ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~