တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၁)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၁)ဦး ထပ်တိုး
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
 
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၁)ဦး ထပ်တိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းထဲက Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက လာရောက်စစ်ဆေးသူများထဲမှအမျိုးသမီး (၁)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအတည်ပြုလူနာ အမျိုးသမီး၏ နေရပ်လိပ်စာနှင့် ထိတွေ့သူများကို ကျန်းမာရေးမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့က စ၍ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၃၄)ဦးအထိ ရှိနေရာမှ ယနေ့ ထပ်တိုးသည့် (၁)အပါဆိုလျှင် စုစုပေါင်း (၃၅)ဦးအထိရှိနေပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~