ဗီယက်နမ်ဆိုင်ကယ်စီးအဖွဲ့နှင့် မလေးရှားဆိုင်ကယ်စီးအဖွဲ့တို့ တာချီလိတ်သို့ရောက်ရှိ

ဗီယက်နမ်ဆိုင်ကယ်စီးအဖွဲ့နှင့် မလေးရှားဆိုင်ကယ်စီးအဖွဲ့တို့ တာချီလိတ်သို့ရောက်ရှိ
ဒီဇင်ဘာ 11, 2019
By Tachileik News Agency

ဗီယက်နမ်ဆိုင်ကယ်စီးအဖွဲ့နှင့် မလေးရှားဆိုင်ကယ်စီးအဖွဲ့တို့ တာချီလိတ်သို့ ရောက်ရှိ

ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံတွင်း ဝင်ရောက်လည်ပတ်မည့် ဗီယက်နမ်ဆိုင်ကယ်စီး (၂) ဦးအဖွဲ့နှင့် မြန်မာနိုင်ငံတွင်း လည်ပတ်ပြီး ထိုင်းနိုင်ငံဘက် ပြန်လည်ထွက်ခွာမည့် မလေးရှားဆိုင်ကယ်စီးအဖွဲ့ (၁၁)ဦးတို့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နယ်စပ်ဝင်ပေါက်သို့ ရောက်ရှိကြသည်။

ဗီယက်နမ်နိုင်ငံသား (၂)ဦးသည် ထိုင်းနိုင်ငံဘက်မှနေ၍ တာချီလိတ်နယ်စပ်မှတစ်ဆင့် ဝင်ပေါက်ကာ နမ့်စန်၊ အင်းလေး၊ ပုဂံ၊ တောင်ငူ၊ ရန်ကုန်၊ ဘားအံမြို့များသို့ ဆိုင်ကယ်ဖြင့် လည်ပတ်ပြီး မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ထွက်ခွာကြမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသား (၁၁)ဦး ဆိုင်ကယ်စီးအဖွဲ့မှာ ထိုင်းနိုင်ငံဘက်မှနေ၍ မြဝတီနယ်စပ်မှတစ်ဆင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး မြဝတီ - ကျိုက်ထီးရိုး - ရန်ကုန် -နေပြည်တော် - ပုဂံ -မန္တလေး - အင်းလေး - နမ့်စန်- ကျိုင်းတုံ - တာချီလိတ်လမ်းကြောင်းအတိုင်း ဝင်ရောက်လည်ပတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဝင်ပေါက်များဖြစ်သည့် တမူး၊ မြဝတီနှင့် တာချီလိတ်တို့မှ ဝင်ရောက်လည်ပတ်သည့် နိုင်ငံခြားသား ဆိုင်ကယ်စီးအဖွဲ့၊ မော်တော်ယာဉ်အဖွဲ့များကို ခရီးသွားလုပ်ငန်းကုမ္ပဏီများက တာဝန်ယူစီစဉ်ဆောင်ရွက်ပေးကြခြင်းဖြစ်ပြီး နယ်စပ်ဝင်ပေါက်များတွင် ကမ္ဘာလှည့်ခရီးသွားများအား ကူညီပံ့ပိုးရေးအတွက် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ဝင်များ တာဝန်ယူဆောင်ရွက်ပေးနေကြခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~