မြန်မာနိုင်ငံတွင် တစ်နေ့တာအတွင်း ဓါတ်ခွဲအတည်ပြုလူနာ (၂၁)ဦးတွေ့ရ၍ အတည်ပြုလူနာပေါင်း (၆၂)ဦးအထိ တိုးလာမြန်မာနိုင်ငံတွင် တစ်နေ့တာအတွင်း ဓါတ်ခွဲအတည်ပြုလူနာ (၂၁)ဦးတွေ့ရ၍ အတည်ပြုလူနာပေါင်း ၆၂ ဦးအထိ တိုးလာ

မြန်မာနိုင်ငံတွင် တစ်နေ့တာအတွင်း ဓါတ်ခွဲအတည်ပြုလူနာ (၂၁)ဦးတွေ့ရ၍ အတည်ပြုလူနာပေါင်း (၆၂)ဦးအထိ တိုးလာမြန်မာနိုင်ငံတွင် တစ်နေ့တာအတွင်း ဓါတ်ခွဲအတည်ပြုလူနာ (၂၁)ဦးတွေ့ရ၍ အတည်ပြုလူနာပေါင်း ၆၂ ဦးအထိ တိုးလာ
ဧပြီ 14, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင် တစ်နေ့တာအတွင်း ဓါတ်ခွဲအတည်ပြုလူနာ (၂၁)ဦးတွေ့ရ၍ အတည်ပြုလူနာပေါင်း (၆၂)ဦးအထိ တိုးလာ

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၂၁) ဦးထပ်တိုးလာသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၆၂)ဦးရှိပြီဖြစ်သည်။

ထပ်တိုးသည့် အတည်ပြုလူနာများတွင် ရန်ကုန်မြို့မှ (၂၀) ဦးနှင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့မှ (၁) ဦးပါဝင်ခြင်းဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ (၁၃)ရက်နေ့တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၀၉) ခု အား စစ်ဆေးခဲ့ရာ (၂၁)ဦးတွင် COVID 19 ပိုးတွေ့ရပြီး ကျန်ဓါတ်ခွဲနမူနာများတွင် ပိုးမတွေ့ရကြောင်း သိရသည်။

ရန်ကုန်မြို့မှ အတည်ပြုလူနာ(၂၀)ဦးတွင် အတည်ပြုလူနာနှင့် ထိတွေ့မိသူ (၁၁)ဦးနှင့် စောင့်ကြည့်လူနာ (၉)ဦး ပါဝင်ပြီး လူနာအားလုံးကို ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း မြို့သစ်မြို့ရှိ နေရပ်ပြန်များ အသွားအလာကန့်သတ်စောင့်ကြည့်ထားရာမှ အတည်ပြုလူနာ (၁)ဦးကို မကွေးပြည်သူ့ဆေးရုံကြီးတွင် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~