တာချီလိတ်မြို့ပေါ် Covid-19 စောင့်ကြည့်စင်တာ (၂)ခုမှ သတ်မှတ်ရက်ပြည့်၍ (၂၉)ဦး နေအိမ်ပြန်ခွင့်ရ

တာချီလိတ်မြို့ပေါ် Covid-19 စောင့်ကြည့်စင်တာ (၂)ခုမှ သတ်မှတ်ရက်ပြည့်၍ (၂၉)ဦး နေအိမ်ပြန်ခွင့်ရ
သြဂုတ် 27, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး Covid-19 စောင့်ကြည့်စင်တာများကနေ ယနေ့ ဩဂုတ်လ(၂၇)ရက်နေ့၌ နေအိမ်ပြန်ခွင့်ရရှိသူ (၂၉)ဦးရှိကြောင်း သိရသည်။

သတ်မှတ်ရက် (၁၁)ရက်ပြည့်၍ နေအိမ်ပြန်ခွင့် ရရှိသွားကြသူများမှာ Covid-19 စောင့်ကြည်စင်တာများဖြစ်သည့် ဝမ်လုံးမှ သံဃာနှင့်ကိုရင် (၃)ပါး အပါအဝင် (၂၀)ဦး၊ မိုးလုံလေလုံအားကစားရုံမှ ကလေး(၁)ဦး နှင့် လူကြီး (၈)ဦး စုစုပေါင်း (၂၉)ဦး ဖြစ်သည်။

Covid-19 ကူးစက်ခံထားရသူများကို တာချီလိတ်မြို့တွင် မိုးကုတ်တရားရိပ်သာတွင် မြို့နယ်အရန်မီသတ်တပ်ဖွဲ့မှ လည်းကောင်း၊ မိုးလုံလေလုံအားကစားရုံတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ လည်းကောင်း၊ ဝမ်လုံးတွင် မေတ္တာရှင်(သာရေး/နာရေး)လူမှုကူညီရေးအသင်းက လည်းကောင်း အသီးသီး ကူညီစောင့်ကြပ်တာဝန်ယူပေးထားပြီး သတ်မှတ်ရက် (၁၁)ရက် ပြည့်ပါက နေအိမ်ပြန်ခွင့်ပြုပေးနေခြင်း ဖြစ်သည်။

Covid-19 ကူးစက်ခံထားရသူများကို စောင့်ကြည့်စင်တာများတွင် (၁၁)ရက် သတ်မှတ်ထားရှိပြီး  ဒုတိယအကြိမ် ထပ်မံစစ်ဆေးခြင်းမရှိတော့ဘဲ နေအိမ်ပြန်ခွင့်ပေးနေခြင်းဖြစ်ပြီး နေအိမ်တွင်လည်း သီးသန့် (၇)ရက်နေထိုင်ရန် အသိပေးထားကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၂၂၀၀)ကျော်ရှိသည့်အနက် ဆေးရုံဆင်းနှင့် စင်တာများကနေ နေအိမ်ပြန်ခွင့်ရရှိများမှာလည်း (၁၈၀၀)ကျော်အထိ ရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo:   မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မေတ္တာရှင်(သာရေး/နာရေး)လူမှုကူညီရေးအသင်း