ရှမ်း(မြောက်)က ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၇)ဦး Covid-19 ကိုဗစ်ကုသရေးလုပ်ငန်းများအတွက် ရန်ကုန်သို့သွားရောက် ကူညီမည်

ရှမ်း(မြောက်)က ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၇)ဦး Covid-19 ကိုဗစ်ကုသရေးလုပ်ငန်းများအတွက် ရန်ကုန်သို့သွားရောက် ကူညီမည်
ဒီဇင်ဘာ 2, 2020
By Tachileik News Agency

ရှမ်း(မြောက်)က ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၇)ဦး Covid-19 ကိုဗစ်ကုသရေးလုပ်ငန်းများအတွက် ရန်ကုန်သို့သွားရောက် ကူညီမည်

ရန်ကုန်မြို့တွင် Covid-19 ကုသရေးလုပ်ငန်းများ၌ ပါဝင်ကူညီနိုင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီတပ်ဖွဲ့ဝင် စုစုပေါင်း (၃၇)ဦး ဒီဇင်ဘာလ(၅)ရက်နေ့တွင် သွားရောက် ကူညီမည်ဖြစ်ကြောင်း သိရသည်။
"ရှမ်း(မြောက်)က မြို့အသီးသီးမှာရှိတဲ့ ကြက်ခြေနီအသင်းသားတွေထဲက မိမိဆန္ဒနဲ့ စေတနာ့ ဝန်ထမ်းအဖြစ် သွားချင်တဲ့သူ စုစုပေါင်း (၃၇)ဦး သွားကြမှာပါ။ သွား၊ လာ ဖို့အတွက် ပြည်နယ်က စီစဥ်ပေးမယ်လို့ သိရပါတယ်။ ကျောက်မဲမြို့နယ်ကြက်ခြေနီက ဦးဆောင်ပြီးသွားမှာပါ"ဟု ကျောက်မဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ `လှိုင်´ ဆေးရုံ ( ကိုဗစ်ကာကွယ်တားဆီးရေး)စင်တာတွင် လက်ရှိကူညီဆောင်ရွက်ပေးနေသည့် မကွေးတိုင်းကြက်ခြေနီအသင်း၏ နေရာ၌ ရှမ်း(မြောက်)ကြက်ခြေနီအသင်းမှ (၃၇)ဦး ဝင်ရောက် ကူညီရန် သွားရောက်မည်ဖြစ်ရာ ကျောက်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က အင်အား (၁၀)ဦး ပါဝင်ကြောင်း သိရသည်။
ရန်ကုန်သို့ရောက်ရှိပါက စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်သူများကို Covid-19 ပိုး ရှိ မရှိ အရင်ဆုံးစစ်ဆေးခံရမည်ဖြစ်ပြီး ပိုးကင်းစင်မှသာ ဆောင်ရွက်ခွင့်ပြုမည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~