ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင် (၉၀၀) ကျော်ကို လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီအသင်းတို့က ရိက္ခာသွားရောက်ပံ့ပိုး

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင် (၉၀၀) ကျော်ကို လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီအသင်းတို့က ရိက္ခာသွားရောက်ပံ့ပိုး
အောက်တိုဘာ 6, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင် (၉၀၀) ကျော်ကို လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီအသင်းတို့က ရိက္ခာသွားရောက်ပံ့ပိုး
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS/SSA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင်နေရသူ (၉၀၀) ဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့၌ ကျောက်မဲ၊ သီပေါ၊ နောင်ပိန်မှ လူမှုကူညီရေးအသင်းများနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က သွားရောက်ပံ့ပိုးပေးသည်။

"လောလောဆယ်တော့ ရိက္ခာခြောက်တွေဖြစ်တဲ့ ခေါက်ဆွဲခြောက်၊ ဆီ၊ အာလူးစတဲ့ ရေရှည်ခံမယ့်ရိက္ခာတွေနဲ့ ဟင်းချက်စရာတွေ ထောက်ပံ့ခဲ့ပါတယ်။ ကြက်ခြေနီအသင်းကနေလည်း စောင်တွေ၊ အခင်းတွေစတာတွေ ထောက်ပံ့နေတာတွေ့ရတယ်" 

ဟု ပုံဝိုးကျေးရွာဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်များအား သွားရောက်ကူညီခဲ့သော အဖြူရောင်နှလုံးသား ပရဟိတအသင်း ( ကျောက်မဲ )မှ ကိုဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့နယ်၊ ပုံဝိုးဒေသ ခန့်ခဲ၊ မန်မော်၊ ဟဲကွီစသည့်ကျေးရွာများဝန်းကျင်တွင် အောက်တိုဘာလ (၃) ရက်နေ့မှစ၍ တိုက်ပွဲရှိလာ၍ ဒေသခံများသည် ပုံဝိုးဘုန်းတော်ကြီးကျောင်းနှင့် တောင်ထိပ်ကျေးရွာဘုန်းတော်ကြီးကျောင်းတို့၌ ခိုလှုံနေကြခြင်းဖြစ်သည်။

ယင်းအပြင် အောက်တိုဘာလ (၆)ရက်နေ့၌ ကျောက်မဲမြို့နှင့် ခန့်မှန်း (၉)မိုင်ဝန်းကျင်အကွာ၌လည်း တိုက်ပွဲများဖြစ်လာ၍ တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံ (၃၀)ကျော်ကို လူမှုကူညီရေးအသင်းများက သွားရောက်ကယ်ထုတ်ပေးထားကြသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း( အောင်ဓမ္မာရုံ နောင်ပိန်)

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~