ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၀၀)ကျော်အား စစ်ဆေးရာက တစ်ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၀၀)ကျော်အား စစ်ဆေးရာက တစ်ဦးတွင် Covid-19 ပိုးတွေ့
အောက်တိုဘာ 28, 2020
By Tachileik News Agency
ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၀၀)ကျော်အား စစ်ဆေးရာက တစ်ဦးတွင် Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့၌ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၂၀၀)ကျော်အား COVID 19 စစ်ဆေးရာ အတည်ပြုလူနာ (၁)ဦးတွေ့ရကြောင်း သိရသည်။
" မူဆယ် - မန္တလေး ကားဆွဲတဲ့ ယာဉ်မောင်းပေါ့နော်။ မူဆယ်ကနေ (၂၆)ရက်နေ့က ထွက်လာတယ်။ (၂၇)ရက်နေ့က နောင်ချိုရောက်ပြီးတော့ စစ်တာမှာ ဒီနေ့ positive တွေ့တယ်ပေါ့။ RDT နဲ့စစ်တော့ positive တွေ့တာပေါ့။ အခုတော့ နောင်ချိုဆေးရုံမှာ ဆေးရုံတက်နေပါပြီ။ လူနာရဲ့အခြေအနေကတော့ အားလုံးကောင်းမွန်ပါတယ်။ သူနဲ့အနီးကပ်ထိတွေ့ဖြစ်တဲ့ ယာဉ်နောက်လိုက်ကတော့ RDT မှာ negative ဖြစ်ပေမဲ့ ဆေးရုံမှာပဲ hospital quarantine ထားပါတယ်။"ဟု ပြည်နယ်ကုသရေးဦးစီးဌာန (လားရှိုးမြို့)၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ လှထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက COVID 19 Antigen Rapid Test Kit ဖြင့် စစ်ဆေးပေးနေရာ အောက်တိုဘာလ (၂၈) ရက်နေ့က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂၀၂)ယောက်ကို စစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသစ်ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာကို နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ထပ်တိုးသည့် အတည်ပြုလူနာအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့အထိ အတည်ပြုလူနာ (၃၈)ဦးအထိ တွေ့ထားရကြောင်း သိရသည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~