နမ့်ခမ်းမြို့မရဲစခန်းကို  TNLAက တိုက်ခိုက်သိမ်းပိုက်ရာ သိမ်းဆည်းရရှိလက်နက်ခဲယမ်းများ ထုတ်ပြန်

နမ့်ခမ်းမြို့မရဲစခန်းကို  TNLAက တိုက်ခိုက်သိမ်းပိုက်ရာ သိမ်းဆည်းရရှိလက်နက်ခဲယမ်းများ ထုတ်ပြန်
နိုဝင်ဘာ 6, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ရဲစခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများအား ယနေ့ နိုဝင်ဘာလ (၆)ရက်နေ့တွင် TNLAက ထုတ်ပြန်လာသည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ရဲစခန်းအား ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းတွင် TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စခန်းအတွင်း တပ်စွဲထားကြောင်း သိရသည်။

ယင်းနေ့တွင်ပင် နမ့်ခမ်းမြို့၊ မိုင်းဝီးရွာရှိ စစ်ကောင်စီ၏ မန်ဝင်းတပ်စခန်း၊ နမ့်ခမ်းမြို့ မန်ပူးကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ မန်တုံမြို့ ခိုမုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် နမ္မတူမြို့ ပန်သပြေရှိ စစ်ကောင်စီတပ်စခန်းတို့အပြင် နမ့်ခမ်းမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းများကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ရွှေညောင်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်တို့ကိုလည်း TNLAနှင့် MYD PDFပူးပေါင်းတပ်ဖွဲ့တို့က သွားရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က နောင်ချိုမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ကျေးရွာများအနီးသို့  တနေကုန် (၁၀၂)၊ (၁၀၅)မမ လက်နက်ကြီးဖြင့် အကြိမ်(၅၀) ပစ်ခတ်ခဲ့ခြင်းကြောင့် ဆမ်မဆယ်ကျေးရွာရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency