မကွေးတိုင်းဒေသကြီးအတွင်း Covid-19 ပိုးကူးစက်မှု တစ်နေ့ထက် တစ်နေ့ ပိုးတိုးလာ၍ ကူးစက်ခံရသူ စုစုပေါင်း(၁၇၀၀)ကျော်ရှိလာ

မကွေးတိုင်းဒေသကြီးအတွင်း Covid-19 ပိုးကူးစက်မှု တစ်နေ့ထက် တစ်နေ့ ပိုးတိုးလာ၍ ကူးစက်ခံရသူ စုစုပေါင်း(၁၇၀၀)ကျော်ရှိလာ
ဒီဇင်ဘာ 12, 2020
By Tachileik News Agency

 

မကွေးတိုင်းဒေသကြီးအတွင်း Covid-19 ပိုးကူးစက်မှု တစ်နေ့ထက် တစ်နေ့ ပိုးတိုးလာ၍ ကူးစက်ခံရသူ စုစုပေါင်း(၁၇၀၀)ကျော်ရှိလာ

မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(၁၁)ရက်နေ့က မြို့နယ်ပေါင်း (၈)မြို့နယ်တွင် Covid-19 အတည်ပြုလူနာ(၃၃)ဦး ထပ်တိုးရာတွင် ထိတွေ့သူ (၁၀)ဦး ပါဝင်ကြောင်း နှင့် ကူးစက်ခံရသူ စုစုပေါင်း (၁၇၀၀)ကျော်ရှိလာကြောင်း သိရသည်။ 
“ဒီဇင်ဘာ(၁၁)ရက် မနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၃၃)ဦး ထပ်တိုး တွေ့ရှိရတာမှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိပြီး ကူးစက်ခံရသူက ၁၀ဦး၊ အနံ့ပျောက်လက္ခဏာရှိ သူက ၉ဦး၊ ဖျားနာသူ ၁ဦးနဲ့ ကျန်တာက ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေနဲ့ Quarantine ဝင်နေသူတွေပါ” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သ တင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာ(၁၁)ရက်နေ့ ထုတ်ပြန်ချက်တွင် RDT နှင့် NHL results တို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ မကွေး (၁၀)ဦး၊ တောင်တွင်းကြီး (၄)ဦး၊ ဂန့်ဂေါ (၆)ဦး၊ ပခုက္ကူ (၂)ဦး၊ နတ်မောက် (၁)ဦး၊ ချောက် (၁)ဦး၊  မင်းလှ (၁)ဦး၊ အောင်လံ (၈)ဦး၊ စုစုပေါင်း (၂၃)ဦးတို့ဖြစ်ကြသည်။
မကွေးတိုင်းအတွင်း COVID-19 ပိုးကူးစက်ခံရသူ အတည်ပြုလူနာ တစ်နေ့ထက်တစ်နေ့ များပြားလျှက် ရှိနေပြီး ဒေသတွင်းကူးစက်မှုမှာလည်း များပြားလာနေသဖြင့် တောင်တွင်းကြီးမြို့ပေါ် (၁၀) ရပ်ကွက် ကို Stay at Home ကာလ (၇)ရက်သတ်မှတ်ထားပြီး မင်းဘူး/စကုမြို့နယ် တွင်လည်း စကုမြို့ အမှတ် (၃)ရပ်ကွက်၊ ကျောင်းရွာရပ်ရှိ လမ်းအချို့နှင့် မင်းဘူး/စကုမြို့နယ်အတွင်း ကန်ရေ(၁)၊ ကန်ရေ(၂)၊ ကန်ရေ (၃) ကျေးရွာများကိုလည်း အသွားအလာကန့်သတ်သည့်နေရာများအဖြစ် သတ်မှတ်ထားကြောင်း သိရ သည်။
မကွေးတိုင်းဒေသကြီးအတွင်း (၂၅) မြို့နယ်ရှိသည့်အနက် မြို့နယ်အားလုံးတို့၌ COVID-19 ပိုးတွေ့ရှိ လျှက်ရှိပြီး ဒီဇင်ဘာ(၁၁)ရက် ည (၇)နာရီ (၄၀)မိနစ်အချိန်ထိ တိုင်းအတွင်း ပိုးတွေ့လူနာစုစုပေါင်း (၁,၇၃၆)ဦးအထိရှိလာပြီး ကျန်းမာရေးဝန်ထမ်း (၃၄)ဦး အထိ ပိုးကူးစက်ခံထားရကာ ဆေးရုံတက် ရောက်ဆဲလူနာ(၃၂၃)ဦးရှိနေပြီး သေဆုံးသူမှာလည်း (၄)ဦးအထိ ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရောင်စုံမေတ္တာ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~