လာအိုနိုင်ငံအတွင်း (၁၁) ဦးမြောက် COVID 19 အတည်ပြုလူနာကို ဧပြီလ(၅)ရက်နေ့တွင် တွေ့ရှိ

လာအိုနိုင်ငံအတွင်း (၁၁) ဦးမြောက် COVID 19 အတည်ပြုလူနာကို ဧပြီလ(၅)ရက်နေ့တွင် တွေ့ရှိ
ဧပြီ 5, 2020
By Tachileik News Agency

လာအိုနိုင်ငံအတွင်း (၁၁) ဦးမြောက် COVID 19 အတည်ပြုလူနာကို ဧပြီလ(၅)ရက်နေ့တွင် တွေ့ရှိ

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် (၁၁)ဦးမြောက် COVID 19 အတည်ပြုလူနာကို တွေ့ရကြောင်း  ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့၌  သတင်းထုတ်ပြန်ထားသည်။

လာအိုနိုင်ငံရှိ သတ္တုတူးဖေါ်ရေးလုပ်ငန်းတစ်ခုမှ ဝန်ထမ်းဖြစ်သည့် ပါပူအာနယူးဂီနီနိုင်ငံမှ အသက် (၅၅)နှစ်အရွယ် အမျိုးသားမှာ ချောင်းဆိုးခြင်းနှင့် အသက်ရှုကြပ်ခြင်းလက္ခဏာများ ခံစားနေရသဖြင့် ဓါတ်ခွဲစစ်ဆေးရာမှ COVID 19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းသည် ပါပူအာနယူးဂီနီမှ လာအိုသို့ မတ်လ (၂၂)ရက်နေ့က ထွက်ခွာလာရာတွင် စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့မှတစ်ဆင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံမြို့တော် ဗီယင်တိုင်းရှိ ခရောင်းပလာဇာဟိုတယ်တွင် တည်းခိုခဲ့ကာ အလုပ်ရှိရာဒေသသို့ ခရီးသည် (၁၁)ဦးပါသည့် မီနီဗင်တစ်စီးဖြင့် လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင် ဧပြီလ (၅)ရက်နေ့အထိ အတည်ပြုလူနာ (၁၁)ဦးတွေ့ရှိထားခဲ့သည့်အနက် နိုင်ငံခြားသား (၁)ဦး ပါဝင်ပြီး ကုသမှုခံယူနေသူများအနက် (၇)ဦးမှာ အခြေအနေ တိုးတက်ကောင်းမွန်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဇာနှင်း
Source: Laotiantimes


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~