တာချီလိတ်မြို့တွင် ကျောက်မဲမြို့မှ COVID 19 အတည်ပြုလူနာ တည်းခိုသွားသည့် ဟိုတယ်ကို အဝင်အထွက် ယာယီပိတ်ထားလိုက်ပြီ

တာချီလိတ်မြို့တွင် ကျောက်မဲမြို့မှ COVID 19 အတည်ပြုလူနာ တည်းခိုသွားသည့် ဟိုတယ်ကို အဝင်အထွက် ယာယီပိတ်ထားလိုက်ပြီ
မတ် 30, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ကျောက်မဲမြို့မှ COVID 19 အတည်ပြုလူနာ တည်းခိုသွားသည့် ဟိုတယ်ကို အဝင်အထွက် ယာယီပိတ်ထားလိုက်ပြီ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ကျောက်မဲမြို့မှ အတည်ပြုလူနာ (၂)ရက်တာ တည်းခိုခဲ့သည့် ဧရာဝဏ်ဟိုတယ်ကို ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ညပိုင်းတွင် သွားရောက် စစ်ဆေးပြီး ဟိုတယ်အား အဝင် အထွက်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

“သူတည်းသွားတဲ့ ဟိုတယ်ကိုတော့ စစ်ဆေးအတည်ပြုပြီး lock down လုပ်လိုက်ပြီ။ အဲဒီနေ့က တည်းသွားတဲ့လူတွေ စာရင်းကိုလည်း ယူထားပြီ။ သူသွားလာခဲ့တဲ့ နေရာတွေကို ထပ်လိုက်နေပါတယ်”ဟု ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၃၀)ရက်နေ့ ညပိုင်းက ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 စောင့်ကြည့်လူနာတွင် ပိုးတွေ့ရှိကြောင်း မတ်လ (၃၀)ရက်နေ့က ဓါတ်ခွဲအဖြေထွက်လာပြီး အဆိုပါလူနာသည် တာချီလိတ်မြို့သို့ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်လာကာ (၂)ရက်တာ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ကျန်းမာရေးဦးစီးဌာနက စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ (၁၄) ယောက်မြောက် အတည်ပြုလူနာသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ  မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)မှ တဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး  ၎င်းဝင်ရောက်လာသည့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့က နေရပ်ပြန်လူဦးရေ စုစုပေါင်း (၈၆၅)ဦး ပြန်ဝင်လာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~