တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၉၄)ဦးအထိ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်တွင် (၈)ဦးသာကျန်

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၉၄)ဦးအထိ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်တွင် (၈)ဦးသာကျန်
ဒီဇင်ဘာ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၉၄)ဦးအထိ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်တွင် (၈)ဦးသာကျန်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆေးကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာ (၄)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ကုသဆောင်များ၌ ကလေးလူနာ (၁)ဦးအပါအဝင် အတည်ပြုလူနာ (၈) ဦး ကျန်ရှိသည်။
ယနေ့ ဆေးရုံဆင်းခွင့်ရသည့် ကလေးလူနာ (၁)ဦး၊ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦးတို့သည် နေအိမ်တွင် အသွားအလာကန့်သတ်၍ (၇) ရက်နေထိုင်ကြရမည်ဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၁၀၂) ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၉၄) ဦးရှိသွားပြီဖြစ်၍ အတည်ပြုလူနာ (၈) ဦး ဆေးရုံတွင် ကျန်ရှိနေသည်။
COVID 19 အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိပါက ကုသဆောင်များတွင် (၁၁) ရက်တိတိ စောင့်ကြည့်ထားရှိပြီးနောက် ကုသရန်မလိုအပ်ပါက ဆေးရုံဆင်းခွင့်ပေးပြီး နေအိမ်တွင် ဆက်လက်၍ (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်စေခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~