TNLA ၏ ထိန်းချုပ်နယ်မြေများအတွင်း Covid-19 ကာကွယ်ရေးအတွက် Stay at Home (၁၄)ရက် သတ်မှတ်ကြောင်း TNLA ထုတ်ပြန်

TNLA ၏ ထိန်းချုပ်နယ်မြေများအတွင်း Covid-19 ကာကွယ်ရေးအတွက် Stay at Home (၁၄)ရက် သတ်မှတ်ကြောင်း TNLA ထုတ်ပြန်
ဇူလိုင် 24, 2021 | Covid-19| ရှမ်းမြောက်

Covid-19 ရောဂါ တားဆီးထိန်းချုပ်နိုင်ရေးအတွက် "အဆင့်(A)၊ အနီရောင်အဆင့်"သတ်မှတ်လိုက်ပြီး  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ထိန်းချုပ်နယ်မြေများအတွင်း ၂၀၂၁ခုနှစ် ဩဂုတ်လ(၇)ရက်နေ့အထိ Stay at Home အဖြစ် (၁၄)ရက် သတ်မှတ်လိုက်ကြောင်း TNLA က ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

Stay at Home အဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း နေအိမ် နှင့် ခြံဝင်းအတွင်းသာ နေထိုင်ကြရမည်ဖြစ်ပြီး အရေးပေါ် ကျန်းမာရေးအတွက် သွားလာမည်ဆိုပါက ရပ်/ကျေးကော်မတီ၏ ထောက်ခံချက် ရယူပြီး နီးစပ်ရာ ဆေးရုံဆေးခန်းတို့တွင် သွားရောက် ကုသနိုင်ကြောင်းလည်း အသိပေးထားသည်။

စားနပ်ရိက္ခာများ သယ်ဆောင်ရန်အတွက် ကားတစ်စီးလျှင် ယာဉ်မောင်းတစ်ဦး နှင့် ယာဉ်အကူအဖြစ် (၁)ဦးသာ လိုက်ပါ သွားလာခွင့်ရှိမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ Covid-19 ရောဂါကာကွယ်တားဆီးရေးကော်မတီ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။