မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၇၃)ဦး နှင့် သေဆုံးသူ (၁)ဦး ထပ်တိုး

မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၇၃)ဦး နှင့် သေဆုံးသူ (၁)ဦး ထပ်တိုး
ဒီဇင်ဘာ 16, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၇၃)ဦး နှင့် သေဆုံးသူ (၁)ဦး ထပ်တိုး
မကွေးတိုင်းဒေသကြီးအတွင်းတွင် ဒီဇင်ဘာလ(၁၅)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 အတည်ပြုလူနာ (၇၃)ဦး နှင့် သေဆုံးသူ (၁)ဦး ထပ်တိုး၍ တိုင်းဒေသကြီးအတွင်း သေဆုံးသူ စုစုပေါင်း (၅)ဦးအထိ ရှိလာကြောင်း သိရသည်။  
“ဒီဇင်ဘာ(၁၅)ရက် ညနေပိုင်းနဲ့ ညပိုင်းမှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၇၃)ဦး ထပ်တိုး တွေ့ရှိပြီး မကွေးတိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိ သူ အသက် (၅၇)နှစ်အရွယ်ရှိတဲ့ COVID-19 ပိုးတွေ့ အတည်ပြုလူနာအမျိုးသား (၁)ဦး  သေဆုံးတဲ့အတွက် မကွေးတိုင်းအတွင်း သေဆုံးသူ COVID-19 အတည်ပြုလူနာ (၅)ဦးအထိ ရှိလာပြီဖြစ်ပါ တယ်”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ထုတ်ပြန်သည့် RDT နှင့် NHL resultsတို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ တောင်တွင်းကြီး (၃)ဦး၊ အောင်လံ (၂၃)ဦး၊ ရေနံချောင်း (၃)ဦး၊ မကွေး (၇)ဦး၊ ပွင့်ဖြူ (၂)ဦး၊ ဆော (၁)ဦး၊ စလင်း (၉)ဦး၊ မြို့သစ် (၁၈)ဦး၊ မြိုင် (၁)ဦး၊ မင်းဘူး (၄)ဦး၊ နတ်မောက်(၂)ဦးတို့ ဖြစ်သည်။ 
ပိုးတွေ့အတည်ပြုလူနာများအနက် ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့၍ ကူးစက်ခံရသူ (၈)ဦး၊ အနံ့ပျောက်လက္ခဏာ (၆)ဦး၊ ဖျားနာ (၁)ဦး၊ စောင့်ကြည့်လူနာ(၂)ဦး၊ Gene X pert (၃)ဦး၊ ကျန်သူများမှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့်၊ Quarantine Centre များမှ ဖြစ်ကြောင်း သိရပြီး မကွေးတိုင်း ဒေသကြီးအတွင်း ဒီဇင်ဘာ(၁၅)ရက် ည(၇)နာရီခွဲအချိန်ထိ ပိုးတွေ့လူနာစုစုပေါင်း(၂,၀၂၇)ဦးအထိ ရှိလာကာ သေဆုံးသူမှာလည်း (၁)ဦးထပ် တိုးလာသဖြင့် (၅)ဦး အထိ ရှိလာကြောင်း သိရသည်။
Tachileik News Agency
သတင်း- ဖီးနစ်
ဓာတ်ပုံ - Si Phyo Thu
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~