COVID-19 ကူးစက်မှုမြင့်တက်လာပြီးနောက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်း ပြန်ထုတ်

COVID-19 ကူးစက်မှုမြင့်တက်လာပြီးနောက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်း ပြန်ထုတ်
By Mr John

COVID-19 ကူးစက်မှုမြင့်တက်လာပြီးနောက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်း ပြန်ထုတ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လတ်တလောရက်များ အတွင်း COVID-19 ကူးစက်မှုများ မြင့်တက်လာရာ အာဏာပိုင်တွေက မဖြစ်မနေ mask တပ်ရန် ဧပြီ (၂၀) ရက်နေ့က  စည်းမျဥ်းသတ်မှတ်ချက် ပြန်ထုတ်လိုက်ကြောင်း သိရသည်။

"လတ်တလော COVID ကူးစက်ခံရသူ လူဦးရေ မြင့်တက်လာမှုနဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံပေးမှုအရ စစ်ဆေးမှု ပစ်မှတ်ထားတဲ့ လူဦးရေကို ကာကွယ်ဆေးထိုးပေးမှုနဲ့ တင်းကျပ်တဲ့ COVID-19 စည်းမျဥ်းစည်းကမ်းများ လိုက်နာကြဖို့ ကြပ်မတ်ဆောင်ရွက်ရေး ဆုံးဖြတ်ခဲ့ပါတယ်" ဟု ဒေလီမြို့ ဒုတိယမြို့တော်ဝန် Anil Baijal က Twitter တွင် ပြောခဲ့သည်။



ဒေလီတွင် COVID-19 ကြောင့် ဆေးရုံတက်ရသည့် နှုန်းမှာ ၁ ရာခိုင်နှုန်းအောက်တွင် ရှိနေဆဲဖြစ်သော်လည်း အများပြည်သူဆိုင်ရာ နေရာများတွင် မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်းသတ်မှတ်ချက် ပြန်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ဧပြီ (၂၀)လရက်၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် တွေ့ရှိရသည့် COVID-19 ကူးစက်မှုများအနက် (၃၀) ရာခိုင်နှုန်းကျော်မှာ ဒေလီတွင်ဖြစ်ကြောင်း သိရသည်။



အိန္ဒိယတွင် လက်ရှိအချိန်အထိ COVID-19 ကပ်ရောဂါကူးစက်ခံရသူ စုစုပေါင်း (၄၃) သန်းကျော်ရှိခဲ့ပြီး ယခုနောက်ဆုံး ထုတ်ပြန်ချက်အရ အိန္ဒိယတစ်နိုင်ငံလုံးတွင် ကပ်ရောဂါကြောင့် သေဆုံးသူ (၄၀) ဦး တိုးလာခဲ့ပြီး အများစုမှာ အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်မှ ဖြစ်သည်။

အစိုးရ၏ တရားဝင်စာရင်းတွေအရ အိန္ဒိယတွင် COVID-19 ကြောင့် သေဆုံးသူဦးရေ ၅၂၂,၀၀၆ ဦး ရှိလာခဲ့ကြောင်းလည်း သိရသည်။

သို့သော် ကမ္ဘာတဝန်းမှ ကျွမ်းကျင်သူအများအပြားကတော့ အိန္ဒိယတွင် ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ (၄) သန်းအထိဖြစ်နိုင်ကြောင်း ယူဆထားကြသည်။



အိန္ဒိယတွင် mask မတပ်ပါက ပြစ်ဒဏ်ချမှတ်မှု အပါအဝင် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက် အများစုကို လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်တွင် ဖြေလျှော့ပေးခဲ့ပြီးနောက် လတ်တလော ရက်ပိုင်းအတွင်း နေ့စဥ် ကူးစက်မှုနှုန်း မြင့်တက်နေခဲ့သည်။

နယူးဒေလီ အနီးတဝိုက်ရှိ မြောက်ပိုင်းခရိုင်များတွင် မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်းသတ်မှတ်ချက်ကို ပြန်ထုတ်ထားခဲ့ပြီး ဖြစ်သည်။

၂၀၂၁ ခုနှစ် ယခုလို အချိန်ဝန်းကျင်တွင် အိန္ဒိယ၏ COVID-19 ကူးစက်မှုနှင့် သေဆုံးမှုမှာ ကမ္ဘာ့စံချိန်တင် အရေအတွက်အဖြစ် မြင့်တက်ခဲ့ကြောင်း သိရသည်။



Source: Reuters