စက်တင်ဘာလ(၇)ရက်နေ့ ညပိုင်းတွင် (၅၄)ဦး ထပ်တိုး၍ နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၅၁၈)ဦးအထိ ရှိလာ

စက်တင်ဘာလ(၇)ရက်နေ့ ညပိုင်းတွင် (၅၄)ဦး ထပ်တိုး၍ နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၅၁၈)ဦးအထိ ရှိလာ
စက်တင်ဘာ 7, 2020
By Tachileik News Agency
စက်တင်ဘာလ(၇)ရက်နေ့ ညပိုင်းတွင် (၅၄)ဦး ထပ်တိုး၍ နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၅၁၈)ဦးအထိ ရှိလာ
တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာ (၅၄)ဦး ထပ်တိုးလာ၍ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၌ အတည်ပြုလူနာ (၁၅၁၈)ဦးရှိပြီဖြစ်သည်။
တစ်နိုင်ငံလုံးမှ ဓာတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊  ဆေးသုတေသနဦးစီးဌာန (DMR)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)နှင့် မော်လမြိုင်  ပြည်သူ့ဆေးရုံကြီးတို့တွင် ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၁၇၀)ခုအား စစ်ဆေးခဲ့ရာတွင် အတည်ပြုလူနာ (၅၄)ဦးကို ထပ်တိုးတွေ့ရခြင်းဖြစ်သည်။
အတည်ပြုလူနာဟောင်းများအနက် (၃၆၉)ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ပြီး (၈)ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
COVID 19 စောင့်ကြည့်လူနာသစ် ထပ်တိုးနေရာ စက်တင်ဘာလ (၅)ရက်နေ့ နေ့လယ် (၁၂)နာရီအထိ (၂၄)နာရီအတွင်း လူနာသစ် (၁၁၉)ဦး၊ စက်တင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီအထိ (၂၄)နာရီအတွင်း လူနာသစ် (၁၄၂)ဦးနှင့် စက်တင်ဘာလ (၇)ရက်နေ့ နေ့လယ် (၁၂)နာရီအထိ (၂၄)နာရီအတွင်းစောင့်ကြည့်လူနာသစ် (၁၂၉)ဦး ထပ်တိုးခဲ့သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~