မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့ထဲ အသစ်ထပ်တိုးတွေ့ရှိသည့် Covid-19 အတည်ပြုလူနာ (၇၂)ဦးတွင် ရန်ကုန်သို့ သွားရောက်ကာ ကူညီပြီး ပြန်လာသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၆)ဦး ပါဝင်

မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့ထဲ အသစ်ထပ်တိုးတွေ့ရှိသည့် Covid-19 အတည်ပြုလူနာ (၇၂)ဦးတွင် ရန်ကုန်သို့ သွားရောက်ကာ ကူညီပြီး ပြန်လာသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၆)ဦး ပါဝင်
ဒီဇင်ဘာ 15, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့ထဲ အသစ်ထပ်တိုးတွေ့ရှိသည့် Covid-19 အတည်ပြုလူနာ (၇၂)ဦးတွင် ရန်ကုန်သို့ သွားရောက်ကာ ကူညီပြီး ပြန်လာသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၆)ဦး ပါဝင်
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၀)မြို့နယ်တွင် COVID-19 ပိုးတွေ့အတည်ပြု လူနာ (၇၂)ဦး ထပ်တိုးတွေ့ရှိရပြီး ကူးစက်ခံရသူများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid 19 ကုသရေး Centers များတွင် သီတင်းလေးပတ်ကြာ လုပ်အားပေးခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့်   ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၆)ဦး ပါရှိကြောင်း သိရသည်။
“ဒီဇင်ဘာ(၁၄)ရက် မွန်းလွဲပိုင်းနဲ့ ညပိုင်းမှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၇၂)ဦး ထပ်တိုး တွေ့ရှိရတာမှာ ပိုးတွေ့လူနာနဲ့ထိတွေ့ပြီး ကူးစက်ခံရသူက (၄၁)ဦးအထိ စံချိန်တင်ပါရှိခဲ့ပါတယ်”ဟု  မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် ထုတ်ပြန်သည့် RDT နှင့် NHL results တို့အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ မကွေး (၃၅)ဦး၊ မင်းလှ (၁)ဦး၊ ပွင့်ဖြူ (၁)ဦး၊ ပခုက္ကူ (၃)ဦး၊ ချောက် (၁)ဦး၊ ဂန့်ဂေါ (၆)ဦး၊ အောင်လံ (၁၆)ဦး၊ စလင်း (၂)ဦး၊ နတ် မောက် (၂)ဦး၊ တောင်တွင်းကြီး (၅)ဦး၊ စုစုပေါင်း (၇၂)ဦးထပ်တိုးတွေ့ရှိခြင်းဖြစ်သည်။
မကွေးမြို့နယ်မှ ပိုးတွေ့ရှိရသည့် (၃၅)ဦးအနက် ရန်ကုန်တိုင်း ဒေသကြီး Covid-19 တုန့်ပြန်ရေးအတွက် လှိုင် နှင့် မြတ်လေးဆောင် Covid 19 ကုသရေး Centers များတွင် သီတင်းလေးပတ်ကြာ လုပ်အားပေးခဲ့ပြီး ပြန်ရောက်လာသည့်  မြို့နယ်အသီးသီးမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်(၁၆)ဦးပါရှိကြောင်း သိရသည်။
“ရန်ကုန်ကို ဗော်လံတီယာ သွားရောက်ကူညီခဲ့ကြတဲ့ ကြက်ခြေနီ(၃၉)ဦးအနက်က မြတ်လေးဆောင် Covid 19 ကုသရေး Centers မှာ တာဝန်ကျတဲ့ တပ်ဖွဲ့ဝင် (၁)ဦးမှာ ပိုးတွေ့ရှိခဲ့ပြီး မကွေးကို ပြန်လည်ရောက်ရှိလာတဲ့ (၃၈)ဦးအနက်က (၁)ဦးမှာလည်း အနံ့ပျောက်လို့ စစ်ဆေးတာမှာ ထပ်မံပိုးတွေ့ရှိတာကြောင့် ကျန်(၃၇)ဦး ကို ဆက်လက်စစ်ဆေးခဲ့တာ ဒီနေ့(၁၆)ဦး ထပ်မံပိုးတွေ့ရှိတာဖြစ်ပါတယ်”ဟု မကွေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးညိုထွန်း က ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း  ပိုးတွေ့လူနာစုစုပေါင်း(၁,၉၅၄)ဦးအထိ ရှိလာပြီး ဆေးရုံတက်ရောက်ဆဲ လူနာ(၄၅၄)ဦး၊ ဆေးရုံဆင်းခွင့်ရ လူနာ(၁,၄၉၆)ဦး၊ သေဆုံးသူ(၄)ဦး ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~