တာချီလိတ်သို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများကို Covid-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုများ လုပ်ဆောင်နေလျက်ရှိ

တာချီလိတ်သို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများကို Covid-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုများ လုပ်ဆောင်နေလျက်ရှိ
ဇူလိုင် 2, 2020
By Tachileik News Agency

တာချီလိတ်သို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများကို  Covid-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုများ လုပ်ဆောင်နေလျက်ရှိ

နယ်စပ်ဒေသ တာချီလိတ်သို့ ပြည်တွင်းမှ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများအား ကျန်းမာရေးက ကိုယ်အပူချိန်တိုင်းတာခြင်းကို လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက တာချီလိတ်မြို့ရှိ လေဆိပ်၏ အဝင်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းအဖြစ် Covid-19 ကာလ စတင်ကတည်းက စ၍ ယနေ့ ၂၀၂၀ခုနှစ် ဇူလိုင်လ(၂)ရက်နေ့အထိ စစ်ဆေးပေးနေလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ(၂)ရက်နေ့တွင် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ နှင့် ဟဲဟိုးတို့မှ လေကြောင်းလိုင်း (၄)လိုင်းဖြင့် တာချီလိတ်သို့ ဝင်ရောက်လာသည့် ခရီးစဉ်(၆)ခုတွင် နိုင်ငံခြားသား (၄)ဦး အပါအဝင်အမျိုးသား (၁၁၄)ဦး နှင့် အမျိုးသမီး(၈၉)ဦး စုစုပေါင်း (၂၀၃)ဦး ဝင်ရောက်လာကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - KHK


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~