လွိုင်မွေက ပြန်လာသည့် ဆိုင်ကယ် နှင့် တာချီလိတ်မြို့မှ ပြန်လာသည့် မော်တော်ယာဉ်တို့ မိုင်းဖြတ်မြို့တွင် မျက်နှာချင်းဆိုင် တိုက်မိ

 လွိုင်မွေက ပြန်လာသည့် ဆိုင်ကယ် နှင့် တာချီလိတ်မြို့မှ ပြန်လာသည့် မော်တော်ယာဉ်တို့ မိုင်းဖြတ်မြို့တွင် မျက်နှာချင်းဆိုင် တိုက်မိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဆွပ်ပန်းရွာရှိ ကျိုင်းတုံ - တာချီလိတ်လမ်းတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့ ညနေ (၅)နာရီခွဲအချိန်တွင် ဆိုင်ကယ်နှင့် မော်တော်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာရသွားကြောင်း သိရသည်။

“ဆိုင်ကယ်သမားက လွိုင်မွေသွားလည်ပြီး ပြန်လာတာလို့ ပြောတယ်။ တာချီလိတ်ကပဲ။ ကားက မိုင်းဖြတ်ကပဲ၊ သူက တာချီလိတ်က ပြန်လာတာ။ ဆိုင်ကယ်သမားကိုတော့ တာချီလိတ်ဆေးရုံကို မနေ့က ညတွင်းချင်း ပို့ပေးထားတယ်”ဟု မိုင်းဖြတ်မြို့မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက အခင်းဖြစ်နေရာအား စစ်ဆေးခြင်း၊ ဒဏ်ရာရသွားသည့် အသက် (၂၄)နှစ်အရွယ် လူငယ်အမျိုးသားကို မိုင်းဖြတ်ဆေးရုံပို့ပေးခြင်းများ ပြုလုပ်ပြီးနောက် ဆိုင်ကယ်မောင်းနှင်သည့် ဇော်မျိုးလွင်နှင့် မော်တော်ယာဉ်မောင်း အိုက်ဆမ်တို့ကို မိုင်းဖြတ်မြို့မရဲစခန်း၌ ယာဉ် (ပ) ၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

  Tachileik News Agency

သတင်း - ကိုသာ