တာချီလိတ်မြို့၏ ဇူလိုင်လ(၁၇)ရက်နေ့ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံရသူ (၄၀)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့၏ ဇူလိုင်လ(၁၇)ရက်နေ့ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံရသူ (၄၀)ဦး ထပ်တိုးတွေ့ရှိ
ဇူလိုင် 17, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၇)ရက်နေ့ နံနက်မှ နေ့လည်(၁)နာရီအထိ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် စစ်ဆေးချက်အရ Covid-19 ကူးစက်ခံရသူ (၄၀)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

Covid-19 ကူးစက်ခံရသူများကို သီးသန့်စောင့်ကြည့်ဆောင်သို့ မပို့ဆောင်မီ ထိတွေ့သူများနှင့် တစ်ပတ်အတွင်း သွားလာမှုများကို မေးမြန်းရန် ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်လာရာ ယနေ့ ဇူလိုင်လ(၁၇)ရက်နေ့ နေ့လည်(၁)နာရီအထိ စုစုပေါင်း (၅၀၀)ကျော်သွားပြီဖြစ်ကြောင်း သိရသည်။