တာချီလိတ်မြို့သို့ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့က ရောက်လာသူ (၂၀) ဦးကို quarantine ထားရှိ

တာချီလိတ်မြို့သို့ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့က ရောက်လာသူ (၂၀) ဦးကို quarantine ထားရှိ
ဒီဇင်ဘာ 18, 2020
By Tachileik News Agency

 

တာချီလိတ်မြို့သို့ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့က  ရောက်လာသူ (၂၀) ဦးကို quarantine ထားရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ် (၂)ခုဖြင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်ရောက်လာသည့် ခရီးသည် (၂၀) ဦးကို ဟိုတယ်နှင့် facility quarantine များသို့ ပို့ဆောင်ထားပြီဖြစ်သည်။
 “လေကြောင်းလိုင်း (၂) ခုကနေ ခရီးသည် (၃၀) ဝင်လာတယ်။ အဲဒီထဲမှာ (၁၀) ယောက် Quarantine ဝင်ဖို့မလိုဘူးပေါ့။ (၁၂) ယောက်က Facility Quarantine၊ (၅) ယောက်က Hotel Quarantine၊ (၃) ယောက်က တပ်မတော်သားတွေဖြစ်လို့ တပ် Facility Quarantine မှာထားတယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်လေဆိပ်သို့ Air KBZ လေကြောင်းလိုင်းနှင့် Golden Myanmar လေကြောင်းလိုင်းတို့ဖြင့် ရောက်ရှိလာသူ အမျိုးသား (၁၅) ဦးနှင့် အမျိုးသမီး (၁၅) ဦးတို့ကို ကျန်းမာရေးဌာနမှ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်များ ဖြည့်သွင်းစေပြီးနောက် ရန်ကုန်မှ လိုက်ပါလာသူ (၂၀) ဦးကို လေဆိပ်တွင်စီစဉ်ထားသည့် မော်တော်ယာဉ် (၃) စီးဖြင့် သက်ဆိုင်ရာ Quarantine နေရာများကို လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးသည်များကို သတ်မှတ်ရက်များတွင် COVID 19 စစ်ဆေးပြီး ပိုးမတွေ့ကြောင်းအဖြေရမှ quarantine ထွက်ခွင့်ရမည်ဖြစ်သည်။
တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူများမှ stay at home ဒေသမှ လာသူများကို facility quarantine သို့မဟုတ် hotel quarantine ထားရှိပြီး COVID 19 ထပ်မံစစ်ဆေးမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - တာချီလိတ် ဟိုတယ်/ခရီး
  

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~