ကျိုင်းတုံမြို့တွင် စားသောက်ဆိုင်အချို့ မိမိအစီအစဉ်ဖြင့် ပါဆယ်စနစ်ကို ပြောင်းလဲရောင်းချနေ

ကျိုင်းတုံမြို့တွင် စားသောက်ဆိုင်အချို့ မိမိအစီအစဉ်ဖြင့် ပါဆယ်စနစ်ကို ပြောင်းလဲရောင်းချနေ
စက်တင်ဘာ 16, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် စားသောက်ဆိုင်အချို့ မိမိအစီအစဉ်ဖြင့် ပါဆယ်စနစ်ကို ပြောင်းလဲရောင်းချနေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စားသောက်ဆိုင်များကို COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စည်ပင်သာယာရေးဌာနက နေ့စဉ်စစ်ဆေးမှုများလုပ်ဆောင်ကာ ဖွင့်လှစ်ခွင့်ပေးထားသော်လည်း ဆိုင်အချို့က မိမိအစီအစဉ်ဖြင့် ပါဆယ်စနစ်ပြောင်းလဲကျင့်သုံးနေပြီ ဖြစ်ကြောင်း သိရသည်။
“စားသောက်ဆိုင်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီလုပ်ထားခိုင်းတယ်။ လူအရမ်းကြပ်တဲ့ဆိုင်တွေဆို social distancing နဲ့အညီ ခွဲခိုင်းထားတယ်။ အချို့ဆိုင်တွေဆို ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပါဆယ်စနစ်နဲ့ရောင်းနေကြပြီ။ လိုက်နာမှုအားနည်းတဲ့ဆိုင်တွေလည်း ရှိနေတယ်။ အဖွဲ့စုံနဲ့ လိုက်ပြီးကြီးကြပ်နေတယ်။ မလိုက်နာတဲ့ဆိုင်တွေကို ပါဆယ်စနစ်နဲ့ရောင်းခိုင်းမယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့က ပြောသည်။
ကျိုင်းတုံမြို့တွင် စက်တင်ဘာလဆန်းပိုင်းက COVID-19 သံသယလူနာတွေ့ရှိခဲ့ရသည့်အတွက် ဈေးအချို့ကို ယာယီပိတ်သိမ်းခဲ့သော်လည်း လက်ရှိအချိန်တွင် ဈေးများနှင့် စားသောက်ဆိုင်များကို စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုထားပြီး အပြင်ထွက်ပါက Mask တပ်ဆင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသိပညာပေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့ နံနက် (၈) နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၆၃၆)ဦး နှင့် သေဆုံးသူ (၃၉)ဦးရှိနေပြီဖြစ်ပြီး ပြည်တွင်းကူးစက်မှု အများအပြားတွေ့နေရသဖြင့် ရှမ်းပြည်နယ်တွင်းမှ စားသောက်ဆိုင်များအနေဖြင့် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်ကို အတိအကျမလိုက်နာပါက ပါဆယ်စနစ်သို့ ပြောင်းလဲရန် ပြည်နယ်အဆင့် COVID ကော်မတီက ညွှန်ကြားထားခြင်းဖြစ်သည်။
 Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~