မဲရုံတာဝန်ကျ ဆရာမတစ်ဦးတွင် Covid-19 ပိုးတွေ့၍ မဲရုံဖွင့်လှစ်ခဲ့သည့် ယင်းမာတောကျေးရွာကို အသွားအလာကန့်သတ်

မဲရုံတာဝန်ကျ ဆရာမတစ်ဦးတွင် Covid-19 ပိုးတွေ့၍ မဲရုံဖွင့်လှစ်ခဲ့သည့် ယင်းမာတောကျေးရွာကို အသွားအလာကန့်သတ်
နိုဝင်ဘာ 10, 2020
By Tachileik News Agency

 

မဲရုံတာဝန်ကျ ဆရာမတစ်ဦးတွင် Covid-19 ပိုးတွေ့၍ မဲရုံဖွင့်လှစ်ခဲ့သည့် ယင်းမာတောကျေးရွာကို အသွားအလာကန့်သတ် 

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံတာဝန်ကျခဲ့သည့် မဲရုံအဖွဲ့ဝင် ပညာရေးဝန်ထမ်းတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ မဲရုံတည်ရှိရာ မကွေးမြို့နယ်အတွင်း ယင်းမာတောကျေးရွာအား နိုဝင်ဘာလ(၁၀)ရက်နေ့ ည(၈)နာရီကစ၍ အသွားအလာကန့်သတ်ထားလိုက်သည်။
“မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ မေလ(၁၉)ရက် ရက်စွဲပါ အမိန့်အမှတ် ၅၄/၂၀၂၀ အရ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၄ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဒီနေ့ည (၈)နာရီအချိန်ကစပြီး ယင်းမာတောကျေးရွာကို အသွား အလာကန့်သတ်တဲ့နေရာအဖြစ် သတ်မှတ်လိုက်ပါပြီ” ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နိုဝင်ဘာလ(၁၀)ရက်နေ့ ညပိုင်းတွင် အတည်ပြုပြောကြားသည်။ 
မကွေးတိုင်းဒေသကြီးအတွင်း၊ မကွေးမြို့နယ် အိုင်ကြီးကုန်းကျေးရွာအုပ်စု၊ ယင်းမာတောကျေးရွာ မဲရုံ၌ မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် ကျောင်းဆရာမတစ်ဦးတွင် နိုဝင်ဘာ (၁၀)ရက်နေ့ ညနေပိုင်းက COVID-19 ရောဂါပိုး တွေရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆရာမသည် မကွေးမြို့ ပြည်တော်သာတိုက်တန်း(အဟောင်း)၌ နေထိုင်သူဖြစ်ပြီး ယင်းမာတောကျေးရွာကျောင်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ရာ ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် အသက်(၆၀)အထက် ကြိုတင်မဲပေးကာလကတည်းက ကျေးရွာသို့ သွားလိုက် ပြန်လိုက်ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး နိုဝင်ဘာ(၆)ရက်နှင့် (၇)ရက်နေ့များကလည်း ရွာတွင်ညအိပ်ကာ ရွေးကောက်ပွဲနေ့တွင် မဲရုံအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးထံမှ သိရသည်။
ယင်းမာတောကျေးရွာအား အသွားအလာကန့်သတ်လိုက်သဖြင့် အဆိုပါကျေးရွာတွင် နေထိုင်သူများ အပြင်သို့သွား လာခြင်း မပြုရန်၊ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရန် ဖြစ်စေ၊ အရေးပေါ်ကျန်းမာရေးကိစ္စ ပေါ်ပေါက် လျှင်ဖြစ်စေ တာဝန်ရှိသူများနှင့်ဆက်သွယ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~