မဲဆောက်ဘက်တွင် COVID 19 တွေ့ရသည့် မြဝတီမှ ယာဉ်မောင်း (၃)ဦးအနက် (၂)ဦး အတည်ပြုလူနာ ဖြစ်သွားပြီး (၁)ဦး ဓာတ်ခွဲအဖြေစောင့်နေ

မဲဆောက်ဘက်တွင် COVID 19 တွေ့ရသည့် မြဝတီမှ ယာဉ်မောင်း (၃)ဦးအနက် (၂)ဦး အတည်ပြုလူနာ ဖြစ်သွားပြီး (၁)ဦး ဓာတ်ခွဲအဖြေစောင့်နေ
အောက်တိုဘာ 14, 2020
By 🌸
မဲဆောက်ဘက်တွင် COVID 19 တွေ့ရသည့် မြဝတီမှ ယာဉ်မောင်း (၃)ဦးအနက် (၂)ဦး အတည်ပြုလူနာ ဖြစ်သွားပြီး (၁)ဦး ဓာတ်ခွဲအဖြေစောင့်နေ
ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်တွင် COVID 19 positive အဖြစ်တွေ့ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့မှ ကုန်တင်ယာဉ်မောင်း (၃)ဦးကို မြဝတီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိကာ ဓာတ်ခွဲနမူနာ ထပ်မံစစ်ဆေးရာ (၂)ဦးမှာ အတည်ပြုလူနာဖြစ်ပြီး ကျန် (၁)ဦး၏အဖြေကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့အထိ စောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရသည်။
“မဲဆောက်ဘက်မှာတွေ့တဲ့ (၃) ယောက်မှာ နှစ်ယောက်ကတော့ အတည်ပြုလူနာဖြစ်သွားပြီ။ တစ်ယောက်ကတော့ ဓာတ်ခွဲအဖြေစောင့်နေပါတယ်။ မဲဆောက်ဘက်မှာ အဖြေထွက်ထားပြီး ဒီဘက်မှာ ဓာတ်ခွဲနမူနာထပ်ယူပြီး NHL ပို့ထားပါတယ်။”
ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြဝတီမြို့မှ တစ်ဖက်နိုင်ငံ မဲဆောက်သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသည့် မော်တော်ယာဉ်များ၏ ယာဉ်မောင်းများကို မဲဆောက်ဘက်၌ COVID 19 စစ်ဆေးပေးနေပြီး မြဝတီသို့ ပြည်တွင်းမှ ဝင်လာသည့် မော်တော်ယာဉ်များကို မြို့ဝင်ဂိတ်၌ အဝင်၊ အထွက် COVID 19 စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မဲဆောက်ဘက်၌ COVID 19 ပိုးစစ်ဆေးတွေ့ရသည့် မြဝတီမှ ယာဉ်မောင်းများကို မြဝတီပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားဓာတ်ခွဲဌာနသို့ ထပ်မံပို့စစ်ပြီး ပြည်တွင်းသွားလာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့အဝင်နှင့် မြို့အထွက်တွင် စစ်ဆေးပေးနေခြင်းဖြစ်သည်။

“မြဝတီ - မဲဆောက် ကုန်တင်ယာဉ်တွေကတော့ ဟိုဘက်မှာ အားလုံးတော့မဟုတ်ဘူး။ တစ်ချို့တော့ စစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ မစစ်သေးဘူး။ ဒါပေမဲ့ မြို့အဝင်၊ မြို့အထွက်မှာတော့ ကုန်တင်ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေကို စစ်ပေးနေတယ်။”

ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။
မြဝတီမြို့အဝင်တွင် စစ်ဆေးရာမှ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဆက်သွယ်ရေး တာဝါတိုင်အတွက် မီးစက်လာပို့သည့် ကရိန်းကားမှ ယာဉ်အကူ (၁) ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ရပြီး အောက်တိုဘာလ (၁၄)ရက်နေ့ ညပိုင်းဓာတ်ခွဲအဖြေမထွက်ခင်အထိ မြဝတီမြို့တွင် စုစုပေါင်း အတည်ပြုလူနာ (၂၈) ဦးရှိပြီဖြစ်သည်။
COVID-19 အတည်ပြုလူနာများနှင့် တိုက်ရိုက်ထိတွေ့သူများကို Facility Quarantine Center များတွင် ထားရှိကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးပြီး ၎င်းတို့နှင့်ဆပ်စက်သူများကို Home Quarantine ထားရှိကြောင်း၊ မြဝတီမြို့ရှိ ရပ်ကွက်အများစုတွင် နေအိမ်ခြံဝင်းများအလိုက် Lock Down ချထားမှုများရှိနေကြောင်း သိရသည်။   
Tachileik News Agency
 ⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #Tachileik #Myanmar #MyanmarNews #MyanmaronlineNews

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~