အိန္ဒိယနိုင်ငံက ပြန်လာပြီး ရန်ကုန်တွင် Quarantine ထားသည့် အိန္ဒိယပြန် (၃)ဦး၌ COVID 19 ပိုးတွေ့

အိန္ဒိယနိုင်ငံက ပြန်လာပြီး ရန်ကုန်တွင် Quarantine ထားသည့် အိန္ဒိယပြန် (၃)ဦး၌ COVID 19 ပိုးတွေ့
မေ 26, 2020
By Tachileik News Agency

အိန္ဒိယနိုင်ငံက ပြန်လာပြီး ရန်ကုန်တွင် Quarantine ထားသည့် အိန္ဒိယပြန် (၃)ဦး၌ COVID 19 ပိုးတွေ့

ရန်ကုန်မြို့တွင် အသွားအလာကန့်သတ်ထားရှိသည့် အိန္ဒိယနိုင်ငံမှပြန်လာသူ (၃)ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ မေလ (၂၆)ရက်နေ့၌ အတည်ပြုလူနာ စုစုပေါင်း (၂၀၆)ဦး ရှိလာပြီဖြစ်သည်။

ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၅၉)ခု နှင့် ဆေးသုတေသနဦးစီးဌာနမှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၁၁) ခု၊ စုစုပေါင်း (၆၇၀)ခုတွင် အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၂)ဦးတို့၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case-52) ရှိသဖြင့် မေလ(၂၆) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၄) ဦးရှိပြီး ၎င်းတို့အနက် (၁၁၄) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~