လားရှိုးတွင် မော်တော်ယာဉ်ဖြင့် လုယက်မှုကျူးလွန်သူများကို တစ်နေ့အတွင်းဖမ်းမိ

လားရှိုးတွင် မော်တော်ယာဉ်ဖြင့် လုယက်မှုကျူးလွန်သူများကို တစ်နေ့အတွင်းဖမ်းမိ
ဒီဇင်ဘာ 21, 2019
By Tachileik News Agency
လားရှိုးတွင် မော်တော်ယာဉ်ဖြင့် လုယက်မှုကျူးလွန်သူများကို တစ်နေ့အတွင်းဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်  မော်တော်ယာဉ် နှစ်စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့က ဖုန်းနှင့်ငွေသားများ လုယက်သွားသည့်အဖွဲ့ကို  ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့၊ (၅) ရပ်ကွက်ရှိ ရှမ်းထမင်းဆိုင်မှ ဇနီးမောင်နှံသည် ဒီဇင်ဘာလ (၂၀)ရက်နေ့ နံနက် (၁)နာရီမထိုးမီ အချိန်တွင် ဆိုင်ကယ်ဖြင့်နေအိမ်သို့ပြန်လာစဉ်  “လွင်မိုးခရီးစဉ်”စာတမ်းပါ AD Van နှင့် Wish ယာဉ်နှစ်စီးက ဆိုင်ကယ်ရှေ့ပိတ်ရပ်ခဲ့ပြီး ယာဉ်ပေါ်မှ လူငယ်အမျိုးသား (၅)ဦး ဆင်းလာကာ ငွေကျပ် (၁၇၈,၀၀၀) နှင့် လက်ကိုင်ဖုန်း (၃) လုံးတို့ကို လုယက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုယက်ခံရမှုကို လားရှိုးမြို့မရဲစခန်းတွင် (ပ) ၅၂၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓားပြမှု)ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သဖြင့် လားရှိုးမြို့မရဲတပ်ဖွဲ့ဝင်က ပိတ်ဆို့ရှာဖွေမှု ပြုလုပ်ရာ လားရှိုးမြို့ (၇)ရပ်ကွက် ချောင်းကူးတံတား၌ Wish ယာဉ်နှင့်အတူ လူငယ် (၃)ဦးကို ဓားဦးချွန် (၁) ချောင်း၊ လုယက်သွားသည့် လက်ကိုင်ဖုန်း (၁) လုံးတို့နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ညနေ (၆)နာရီခွဲအချိန်တွင် ရပ်ကွက်(၈) မန်ဆူဘုရားအနီး၌ “လွင်မိုးခရီးစဉ်” စာတမ်းပါ AD Van ယာဉ်နှင့်အတူ လူငယ် (၂) ဦးကို အရှည် (၂) ပေခန့်ရှိ စတီးပိုက်လုံး (၁) ချောင်း၊ လုယက်သွားသည့် လက်ကိုင်ဖုန်း (၂) လုံးနှင့် ငွေကျပ် (၃၅,၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~