ရခိုင်ပြည်နယ် စစ်တွေဆေးရုံတွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြု (၂၂)ဦး ဒုတိယအသုတ်အဖြစ် စစ်တွေသို့ ရောက်ရှိ

ရခိုင်ပြည်နယ် စစ်တွေဆေးရုံတွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြု (၂၂)ဦး ဒုတိယအသုတ်အဖြစ် စစ်တွေသို့ ရောက်ရှိ
သြဂုတ် 25, 2020
By Tachileik News Agency


ရခိုင်ပြည်နယ် စစ်တွေဆေးရုံတွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြု (၂၂)ဦး ဒုတိယအသုတ်အဖြစ် စစ်တွေသို့ ရောက်ရှိ

ရခိုင်ပြည်နယ်တွင်  မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြု စုစုပေါင်း (၂၂)ဦးသည် ဒုတိယအသုတ်အဖြစ် စစ်တွေမြို့သို့ ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၅)ရက်နေ့တွင် ရောက်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်ကြမည့် လက်ထောက်ဆရာဝန် (၃) ဦး၊ သွားနှင့်ခံတွင်းဆရာဝန် (၁) ဦး၊  ပြည်သူ့ကျန်းမာရေးဆရာမကြီး (၁) ဦး၊အထက်တန်းသူနာပြု (၅) ဦးနှင့် သူနာပြု (၁၂) ဦး စုစုပေါင်း (၂၂)ဦးတို့ ရောက်ရှိသွားကြခြင်း ဖြစ်သည်။

၂၀၂၀ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့ကလည်း  မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊  ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊  လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊   လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊   လက်ထောက်ဆရာဝန် (၁၃) ဦး၊   သူနာပြုဆရာအုပ်ကြီး (၁) ဦး၊  အထက်တန်းသူနာပြု (၁) ဦးနှင့်  သူနာပြု (၁) ဦး စုစုပေါင်း (၂၃)ဦးသည်လည်း  ရောက်ရှိသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၄)ရက်နေ့ ည(၈)နာရီအချိန်အထိ Covid-19  ပြည်တွင်းကူးစက်ခံရသူများ စုစုပေါင်း (၈၂)ဦးအထိ ရှိသွားပြီး စစ်တွေမြို့တွင် (၇၁)ဦး၊ ဘူးသီးတောင်မြို့တွင် (၄)ဦး မြောက်ဦးမြို့တွင် (၃)ဦးနှင့် သံတွဲမြို့တွင် (၂)ဦး အပြင် စစ်တွေမြို့မှ ရန်ကုန်သို့ ပြန်လာသူ (၂)ဦး တို့ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ သြဂုတ်လ (၂၄)ရက်နေ့ ည(၈)နာရီအထိ အတည်ပြုလူနာစုစုပေါင်းမှာ (၄၇၄)ဦးရှိနေပြီး (၆)ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ 
Tachileik News Agency
ဓါတ်ပုံ - MoHS
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~