ကျောက်မဲမြို့နယ်အတွင်း ဇူလိုင်လ(၈)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၂၃)ဦး တွေ့ရှိ

ကျောက်မဲမြို့နယ်အတွင်း ဇူလိုင်လ(၈)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၂၃)ဦး တွေ့ရှိ
ဇူလိုင် 8, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၈ ) ရက်နေ့ တစ်ရက်တည်း၌ COVID 19 အတည်ပြုလူနာ ( ၂၃ ) ဦးထပ်တိုး၍ မြို့နယ်အတွင်း အတည်ပြုလူနာ စုစုပေါင်း ( ၁၂၀ ) ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ( ၈ )ရက်နေ့တွင် ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် ကျောက်မဲမှ ( ၁၀ ) ဦးနှင့် နောင်ပိန်ကျေးရွာမှ (၁၃) ဦးပါဝင်ကြောင်း သိရသည်။



ကျောက်မဲမြို့နယ်အတွင်း တွေ့ရသည့် အတည်ပြုလူနာများ၏ ထက်ဝက်မှာ နောင်ပိန်ကျေးရွာမှဖြစ်ပြီး ဇူလိုင်လ (၈) ရက်နေ့အထိ အတည်ပြုလူနာ (၆၀) ဦးတွေ့ထားပြီဖြစ်ကြောင်း သိရသည်။



အတည်ပြုလူနာများကို ကျောက်မဲပြည်သူ့ဆေးရုံနှင့် နောင်ပိန်တိုက်နယ်ဆေးရုံတို့တွင် ကုသပေးနေပြီး ဇူလိုင်လ (၈) ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရသူ (၁၄) ဦးနှင့် သေဆုံးသူ (၃) ဦးရှိသည်။



ကျောက်မဲမြို့နယ်အတွင်း အတည်ပြုလူနာတိုးလာသဖြင့် ဈေးများပိတ်၊ ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေသော်လည်း အခြေခံပညာကျောင်းများကို ဆက်လက်ဖွင့်ထားသည်ဟု သိရသည်။