လားရိႈး၊ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕မ်ားဝန္းက်င္တြင္ ပစ္ခတ္မႈမ်ားရိွေန၍ အေျခခံပညာေက်ာင္းမ်ား ပိတ္ထားရ

လားရိႈး၊ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕မ်ားဝန္းက်င္တြင္ ပစ္ခတ္မႈမ်ားရိွေန၍ အေျခခံပညာေက်ာင္းမ်ား ပိတ္ထားရ
သြဂုတ် 17, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈး၊ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕မ်ားဝန္းက်င္တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔က ပစ္ခတ္မႈမ်ားျဖစ္ေနသျဖင့္ အေျခခံပညာေက်ာင္းအားလံုး ပိတ္ထားရေၾကာင္း သိရသည္။

“ကေလးေတြအားလံုး ျပန္လႊတ္လုိက္ပါၿပီ။ ေလာေလာဆယ္ တစ္ၿမိဳ႕လံုးလည္း တိတ္ဆိတ္ေနတာပဲ။ ပစ္တာကေတာ့ ဟိုနားပစ္လုိက္၊ ဒီနားပစ္လုိက္နဲ႔ေပါ့။ ၿမိဳ႕ေပၚေက်ာင္းအားလံုးက ေက်ာင္းသားေတြ ျပန္လႊတ္လုိက္ၾကၿပီ။ ပစ္ခတ္တာက ၿမိဳ႕ေပၚေတာ့မၾကားဘူး။ အနားဝန္းက်င္ကေတာ့ ဟိုနားပစ္လုိက္၊ ဒီနားပစ္လုိက္ ၾကားေနရတာပဲ။ သိန္းနီနဲ႔ လားရိႈးနယ္စပ္ ပန္ဟက္ရြာနားမွာလည္း ပစ္တယ္”ဟု သိန္းနီမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ထားရီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

TNLA၊ AA ႏွင့္ MNDAA အဖြဲ႕မ်ားက ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္တြင္ တုိက္ခုိက္မႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ ၾသဂုတ္လ (၁၆)ရက္ေန႔ညပိုင္းက ေက်ာက္မဲၿမိဳ႕အဝင္ႏွင့္ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္းတြင္ လားရိႈး - မူဆယ္လမ္းပိုင္းရိွ ကြတ္ခိုင္ၿမိဳ႕အနီးႏွင့္ လားရိႈး - ခ်င္းေရႊေဟာ္လမ္းပိုင္းတစ္ေလွ်ာက္ ပစ္ခတ္တုိက္ခုိက္မႈမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ေနမ်ိဳး
[ပံုအညႊန္း - လားရႈိးမွ သိန္းနီဘက္အထြက္ နမ့္တြန္းရြာအနီး တိမ္ျဖဴ ပန္႔ဆီဆိုင္ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔က မီးရိႈ႕ခံရသည့္ပံုျဖစ္ပါသည္။]

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့များဝန်းကျင်တွင် ပစ်ခတ်မှုများရှိနေ၍ အခြေခံပညာကျောင်းများ ပိတ်ထားရ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့များဝန်းကျင်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့က ပစ်ခတ်မှုများဖြစ်နေသဖြင့် အခြေခံပညာကျောင်းအားလုံး ပိတ်ထားရကြောင်း သိရသည်။

“ကလေးတွေအားလုံး ပြန်လွှတ်လိုက်ပါပြီ။ လောလောဆယ် တစ်မြို့လုံးလည်း တိတ်ဆိတ်နေတာပဲ။ ပစ်တာကတော့ ဟိုနားပစ်လိုက်၊ ဒီနားပစ်လိုက်နဲ့ပေါ့။ မြို့ပေါ်ကျောင်းအားလုံးက ကျောင်းသားတွေ ပြန်လွှတ်လိုက်ကြပြီ။ ပစ်ခတ်တာက မြို့ပေါ်တော့မကြားဘူး။ အနားဝန်းကျင်ကတော့ ဟိုနားပစ်လိုက်၊ ဒီနားပစ်လိုက် ကြားနေရတာပဲ။ သိန်းနီနဲ့ လားရှိုးနယ်စပ် ပန်ဟက်ရွာနားမှာလည်း ပစ်တယ်”ဟု သိန်းနီမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

TNLA၊ AA နှင့် MNDAA အဖွဲ့များက သြဂုတ်လ (၁၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းက ကျောက်မဲမြို့အဝင်နှင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုး - မူဆယ်လမ်းပိုင်းရှိ ကွတ်ခိုင်မြို့အနီးနှင့် လားရှိုး - ချင်းရွှေဟော်လမ်းပိုင်းတစ်လျှောက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - နေမျိုး
[ပုံအညွှန်း - လားရှိုးမှ သိန်းနီဘက်အထွက် နမ့်တွန်းရွာအနီး တိမ်ဖြူ ပန့်ဆီဆိုင်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့က မီးရှို့ခံရသည့်ပုံဖြစ်ပါသည်။]

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net