မကွေးတိုင်းဒေသကြီးအတွင်း Covid-19 ပိုးတွေ့ရှိသူ (၁,၀၀၀)ကျော်ရှိလာ၍ Mask campaign များ အရှိန်မြှင့်

မကွေးတိုင်းဒေသကြီးအတွင်း Covid-19 ပိုးတွေ့ရှိသူ (၁,၀၀၀)ကျော်ရှိလာ၍ Mask campaign များ အရှိန်မြှင့်
နိုဝင်ဘာ 18, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း Covid-19 ပိုးတွေ့ရှိသူ (၁,၀၀၀)ကျော်ရှိလာ၍ Mask campaign များ အရှိန်မြှင့်
မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၁၇)ရက်နေ့ ညပိုင်းအထိ Covid-19 အတည်ပြုလူနာ၌  စုစုပေါင်း (၁,၀၄၇)ဦးအထိ ရှိလာပြီဖြစ်သည့်အတွက် အပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ရေးအတွက် Mask campaign များကို အရှိန်မြှင့်လုပ်ဆောင်လျှက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
 
“ဒီနေ့(နိုဝင်ဘာလ ၁၇)ညနေပိုင်းမှာ မကွေးတိုင်းမှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ဦးရေ  (၁,၀၄၇)ဦးအထိ ရှိလာပါပြီ။ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်တွေ ပိုးတွေ့များလာသလို တဆက်တည်း ထိတွေ့ဆက်စပ်သူ ဒေသတွင်းကူးစက်မှု local spread တဖြည်းဖြည်းများလာတယ်။ တိုင်းအတွင်း (၂၅)မြို့နယ်ရှိတဲ့အနက် ဆောနဲ့ စေတုတ္တရာ ကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ ပိုးတွေ့နေပြီ။ မြို့အသီးသီးက ကိုဗစ်ကော်မတီများအနေနဲ့  ပြည်ထောင်စုဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း Mask campaign တွေကို အရှိန်မြှင့်လုပ်ဆောင်နေပါပြီ”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နိုဝင်ဘာ(၁၇)ရက် နံနက်ပိုင်း က အတည်ပြုလူနာ(၂၄)ဦး တွေ့ရှိခဲ့ပြီး ညပိုင်းတွင် မြို့သစ်(၁)ဦး၊ ပခုက္ကူ(၆) ဦး၊ မင်းတုန်း(၁)ဦး၊ မင်းလှ(၁)ဦး၊ ဂန့်ဂေါ(၂)ဦး၊ နတ်မောက်(၇)ဦး၊ မကွေး(၁၂)ဦး၊ စလင်း(၁၆)ဦး၊ တောင် တွင်း(၅)ဦး၊ အောင်လံ(၄)ဦး စုစုပေါင်း(၅၅)ဦး ထပ်တိုးတွေ့ရှိရခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့ရှိမှု များပြားလာသဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ပြန်/ဆက်ဝန်ထမ်းများ ပူးပေါင်း၍ ပြည် သူများ ခွဲစိတ်ခန်းသုံးပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေးနှင့် ကိုရိုနာဗိုင်း ရပ်စ်ရောဂါကာ ကွယ်ရေးအတွက် Hand Speakerများအသုံးပြု၍ ပြည်သူလူထုတွင်း ကျန်းမာရေးအသိ ပညာပေးဆောင် ရွက်မှုများကို မြို့အသီးသီးတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ် 
ဓာတ်ပုံ - ကျန်းမာရေးဌာန

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~