ကျောက်မဲမြို့နယ်တွင် စိတ်ကျန်းမာရေး မကောင်းသည့် အမျိုးသမီးအား အဓမ္မပြုကျင့်

ကျောက်မဲမြို့နယ်တွင် စိတ်ကျန်းမာရေး မကောင်းသည့် အမျိုးသမီးအား အဓမ္မပြုကျင့်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် စိတ်ကျန်းမာရေးမကောင်းဟုဆိုကာ နေအိမ်ဘေးတဲတစ်ခု၌ သမီးဖြစ်သူအား တစ်ဦးတည်းထားရာမှ တစ်ရပ်ကွက်ထဲနေ အမျိုးသားက အဓမ္မ ပြုကျင့်သဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။

နောင်ပိန်ကျေးရွာမှ အသက် (၃၁)နှစ်အရွယ် အမျိုးသမီးမှာ စိတ်ကျန်းမာရေးမကောင်းဟုဆိုကာ ၎င်း၏ မိသားစုက နေအိမ်ဘေး တဲတစ်ခုအတွင်း တစ်ဦးတည်းထားရှိရာ တစ်ရပ်ကွက်ထဲနေ အသက် (၃၁)နှစ်အရွယ် အိုက်ပြုံးဆိုသူက ညအချိန်တွင် ရောက်လာပြီး အဓမ္မပြုကျင့်ကာ မိဘများအား ပြန်မပြောရန် ခြိမ်းခြောက်ပြီး ငွေကျပ် (၂၀၀) ပေးခဲ့သည်ကို ဇန်နဝါရီလ (၅) ရက်နေ့တွင် အဆိုပါအမျိုးသမီး၏ မိဘများက သိရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသူ၏ မိဘများသည် အမှုမဖွင့်မီ အဓမ္မပြုကျင့်သူ၏ မိဘများနှင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့သဖြင့် ဇန်နဝါရီလ (၁၆) ရက်နေ့တွင် နောင်ပိန်နယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြားလာသဖြင့် (ပ) ၁/၂၀၂၁၊ အမှုကြီးအမှတ်စဉ် ၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။



Tachileik News Agency

သတင်း - နေဖြိုးမြင့်

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...