တာချီလိတ် နှင့် တာလေအကြား တရားမဝင် သစ်ဖမ်းမိ

တာချီလိတ် နှင့် တာလေအကြား တရားမဝင် သစ်ဖမ်းမိ
နိုဝင်ဘာ 5, 2020
By Tachileik News Agency
တာချီလိတ် နှင့် တာလေအကြား တရားမဝင် သစ်ဖမ်းမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် နှင့် တာလေအကြားရှိ တောင်သုံးလုံးတွင် တာချီလိတ်သို့ ပို့ဆောင်မည့် တရားမဝင် သစ်ခွဲသားများကို ဖမ်းဆီးရမိ၍ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
တာချီလိတ် နှင့် တာလေအကြား တောင်သုံးလုံးတွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့  နံနက်(၄)နာရီအချိန်က သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က  ယာဉ်မောင်းတူနှင့်အတူ သစ်များအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ယာဉ်အတွင်းမှ သစ်ခွဲသားများဖြစ်သည့် စုစုပေါင်းအလေးချိန် (၀.၆၄၃၈)တန်ရှိသည့် သစ်ယား   (၁၅)ချောင်း၊  စုစုပေါင်းအလေးချိန် (၁.၃၅၈၈)တန်ရှိသည့် လက်ပံ (၃၃)ချောင်း နှင့်  စုစုပေါင်းအလေးချိန် (၀.၉၈၅၂)တန်ရှိသည့်သစ်ချ (၄၂)ချောင်း စုစုပေါင်း အချောင်း(၉၀)ကို ဖမ်းဆီးရမိ ဖြစ်သည်။
အဆိုပါ သစ်များဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ တာလေနယ်မြေရဲစခန်းတွင် သစ်တောဥပဒေ ပုဒ်မ ၄၁(က)အရ အမှုဖွင့်တိုင်ကြားထားကြောင်း နှင့် ဖမ်းဆီးရမိသည့် သစ်များကို တာလေမြို့မှ တဆင့် တာချီလိတ်သို့ ပို့ဆောင်ရန်အတွက် မောင်းလာစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။ 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~