တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွက် ကချင်ရွာကျမ်းစာသင်ကျောင်းတွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေး ထိုးပေးမည်

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွက် ကချင်ရွာကျမ်းစာသင်ကျောင်းတွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေး ထိုးပေးမည်
သြဂုတ် 30, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွက်   ကချင်ရွာကျမ်းစာသင်ကျောင်းတွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုး ပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ ၌  တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ကချင်ရွာကျမ်းစာသင်ကျောင်း တစ်နေရာတွင်သာ  ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာလ (၆)ရက်နေ့အထိ  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးမည့် စုရပ်နေရာများကိုလည်း ကြိုတင်အသိပေးသွားမည်ဖြစ်သည်။
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များတွင် ဆေးမထိုးရသေးသူများ၊ အကြိမ်ရေပြည့်မီခြင်း မရှိသေးသူများအား အမှီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် ထိုးနှံပေးနေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~