တာချီလိတ်တွင် ၁၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ရိုးရာအကများဖြင့် ဖျော်ဖြေခြင်းကို ညနေပိုင်း၌ ဆက်လက်ကျင်းပမည်

တာချီလိတ်တွင် ၁၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ရိုးရာအကများဖြင့် ဖျော်ဖြေခြင်းကို ညနေပိုင်း၌ ဆက်လက်ကျင်းပမည်
ဒီဇင်ဘာ 26, 2019
By 🌸

တာချီလိတ်တွင် ၁၁ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ရိုးရာအကများဖြင့် ဖျော်ဖြေခြင်းကို ညနေပိုင်း၌ ဆက်လက်ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ နံနက် (၇)နာရီမှ နေ့လယ် (၁၂)နာရီအထိ (၁၁) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ပထမပိုင်းကိုကျင်းပခဲ့ပြီး ညနေ (၆)နာရီမှစ၍ ကရင်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေခြင်းများ ဆက်လက်ကျင်းပမည်ဖြစ်သည်။

ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက် (၇)နာရီတိတိ၌ ကရင်အမျိုးသားအလံတော် လွှင့်တင်ခြင်းဖြင့် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး  ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ကရင်ရိုးရာအစားအသောက်များဖြင့် ကျွေးမွေးခြင်းတို့ဖြင့် အခမ်းအနားကို နေ့လယ် (၁၂)နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကရင်တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေမှုကို ည (၆)နာရီမှ (၁၀)နာရီအထိ ဟုတ်တက်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

တာချီလိတ်မြို့တွင် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ငှက်ပျောခြံတွင် နှစ်စဉ်ကျင်းပလာခဲ့ရာမှ ယခုနှစ်တွင် မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ  ဟုတ်တက်ခန်းမသို့ ပြောင်းရွှေ့ကျင်းပလာခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~