တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း နှင့် မီးပွိုင့်လမ်းဆုံတို့တွင် လက်ကမ်းစာရွက်များ နှင့် Mask များ ပေးဝေ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း နှင့် မီးပွိုင့်လမ်းဆုံတို့တွင် လက်ကမ်းစာရွက်များ နှင့် Mask များ ပေးဝေ
ဇူလိုင် 7, 2020
By Tachileik News Agency

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း နှင့် မီးပွိုင့်လမ်းဆုံတို့တွင် လက်ကမ်းစာရွက်များ နှင့် Mask များ ပေးဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ယာယီဈေး နှင့် ရှမ်းရိုးမကွင်းရှေ့ရှိ မီးပွိုင့်လမ်းဆုံတို့တွင် The Fifth Pillar (ပဉ္စမ မဏ္ဍိုင်)အဖွဲ့က လက်ကမ်းစာရွက်များ နှင့် Covid-19 ကာကွယ်နိုင်ရေးအတွက် အသင့်ချုပ်ပီးသား နှာခေါင်းစည်း(Mask)များကို ၂၀၂၀ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ နံနက်ပိုင်းက ပေးဝေခဲ့ကြကြောင်း သိရသည်။

The Fifth Pillar အဖွဲ့က ၂၀၂၀ ရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်၍ ပထမအကြိမ် မဲပေးခွင့်ရမည့် လူငယ်များ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်သည့် လက်ကမ်းစာရွက်များနှင့် သတင်းအတုအယောင်များအား သတိပြုနိုင်မည့် အကြောင်းအရာများပါသည့် လက်ကမ်းစာရွက်များ အပါအဝင် အသင့်ချုပ်ပြီးသား နှာခေါင်းစည်း(Mask) အခုရေ (၁,၀၀၀)တို့ကို ပေးဝေရာ The Fifth Pillar အဖွဲ့နှင့်အတူ Tachileik Volunteer ကလည်း ပါဝင်ကူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ ရှမ်းရိုးမကွင်းအတွင်းရှိ နံနက်ပိုင်း ယာယီဈေးတွင် ဈေးသည်များနှင့် ဈေးဝယ်များကို ပေးဝေခဲ့ကြပြီး မီးပွိုင့်လမ်းဆုံတွင်လည်း ကား/ဆိုင်ကယ်မောင်းသူများကို ပေးဝေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~