တာခ်ီလိတ္ၿမိဳ႕ရွိ သတၱဳတူးေဖာ္ေရးကုမၸဏီတစ္ခုတြင္ စစ္ေဆးေတြ႔ရွိရသည့္ တရုတ္ႏိုင္ငံသား(၂)ဦးအား ဗီဇာစည္းကမ္းခ်ဳိးေဖာက္မႈျဖင့္ အေရးယူထား

တာခ်ီလိတ္ၿမိဳ႕ရွိ သတၱဳတူးေဖာ္ေရးကုမၸဏီတစ္ခုတြင္ စစ္ေဆးေတြ႔ရွိရသည့္ တရုတ္ႏိုင္ငံသား(၂)ဦးအား ဗီဇာစည္းကမ္းခ်ဳိးေဖာက္မႈျဖင့္ အေရးယူထား
ဇွန် 29, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္းရွိ သတၱဳတူးေဖာ္ေရးကုမၸဏီ တစ္ခုတြင္ သတ္မွတ္နယ္ေျမေက်ာ္လြန္ကာ ေရာက္ရွိေနသည့္ တရုတ္ႏိုင္ငံသား(၂)ဦးအား ေတြ႔ရွိရ၍ ဗီဇာစည္းကမ္းခ်ဳိးေဖာက္မႈျဖင့္ တရားစြဲဆိုရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္တပ္နယ္ႏွင့္သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ား၊ လ၀က ႏွင့္ ပူးေပါင္းအဖြဲ႔မ်ားျဖင့္ ၂၀၁၉ခုႏွစ္ ဇြန္လ(၂၈)ရက္ေန႔ ညေန(၃)နာရီခြဲ ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စု၊ အားရဲရွိ သတၱဳတူးေဖာ္ေရးကုမၸဏီ၏ လုပ္ကြက္တြင္ ၀င္ေရာက္စစ္ေဆးရာက ဗီဇာစည္းကမ္းေဖာက္ဖ်က္ေနထိုင္သည့္ တရုတ္ႏိုင္ငံသား အသက္(၄၉)ႏွစ္ရွိ ဟုန္ဆက္ပိုင္ ႏွင့္ အသက္(၅၁)ႏွစ္ရွိ ခ်င္းဖုန္႔ခ်ဳန္းတို႔အား စစ္ေဆးေတြရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

"တနလၤာေန႔မွ တရား႐ံုး ဦးတိုက္ေလွ်ာက္မွာ။ မယ္ယန္းဂိတ္ကိုေက်ာ္သြားရင္ ဗီဇာေဖာက္ဖ်က္တာေပါ့။ ႐ံုးဖြင့္ရက္မွ ဦးတိုက္ေလွ်ာက္မွာေပါ့။ ေလာေလာဆယ္ေတာ့ လဝက မွာပါ။  ၁၃(၁) နဲ႔ ဦးတိုက္ေလွ်ာက္မွာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စု အားရဲရွိ ျမင့္ဦးေအာင္သတၱဳတူးေဖာ္ေရးကုမၸဏီအတြင္း ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြရာ အလုပ္သမား (၁၂)  ဦးကိုေတြ႕ရိွခဲ့ရၿပီး ၎တို႔ထဲမွ တ႐ုတ္ႏိုင္ငံသား ႏွစ္ဦးမွာ ဗီဇာစည္းကမ္းခ်က္မ်ားခ်ဳိးေဖာက္ၿပီး သက္မွတ္ဧရိယာေက်ာ္လြန္ေနထိုင္ေၾကာင္း စစ္ေဆးေတြရိွခဲ့ရေၾကာင္း သိရသည္။

ဗီဇာစည္းကမ္းခ်ဳိးေဖာက္သည့္ တ႐ုတ္ႏိုင္ငံသား (၂) ဦးကို ဥပေဒႏွင့္အညီအေရးယူေဆာင္ရြက္ႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕နယ္ လ၀က မွ တာ၀န္ရွိသူမ်ားက စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနလ်က္ရွိၿပီးသိရွိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ သတ္တုတူးဖော်ရေးကုမ္ပဏီ တစ်ခုတွင် သတ်မှတ်နယ်မြေကျော်လွန်ကာ ရောက်ရှိနေသည့် တရုတ်နိုင်ငံသား(၂)ဦးအား တွေ့ရှိရ၍ ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

တာချီလိတ်တပ်နယ်နှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ လဝက နှင့် ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၉ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ညနေ(၃)နာရီခွဲ ဝန်းကျင်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ အားရဲရှိ သတ္တုတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်တွင် ဝင်ရောက်စစ်ဆေးရာက ဗီဇာစည်းကမ်းဖောက်ဖျက်နေထိုင်သည့် တရုတ်နိုင်ငံသား အသက်(၄၉)နှစ်ရှိ ဟုန်ဆက်ပိုင် နှင့် အသက်(၅၁)နှစ်ရှိ ချင်းဖုန့်ချုန်းတို့အား စစ်ဆေးတွေရှိရခြင်း ဖြစ်ကြောင်း သိရသည်။

"တနင်္လာနေ့မှ တရားရုံး ဦးတိုက်လျှောက်မှာ။ မယ်ယန်းဂိတ်ကိုကျော်သွားရင် ဗီဇာဖောက်ဖျက်တာပေါ့။ ရုံးဖွင့်ရက်မှ ဦးတိုက်လျှောက်မှာပေါ့။ လောလောဆယ်တော့ လဝက မှာပါ။ ၁၃(၁) နဲ့ ဦးတိုက်လျှောက်မှာပေါ့"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု အားရဲရှိ မြင့်ဦးအောင်သတ္တုတူးဖော်ရေးကုမ္ပဏီအတွင်း ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ အလုပ်သမား (၁၂) ဦးကိုတွေ့ရှိခဲ့ရပြီး၎င်းတို့ထဲမှ တရုတ်နိုင်ငံသား နှစ်ဦးမှာ ဗီဇာစည်းကမ်းချက်များချိုးဖောက်ပြီး သက်မှတ်ဧရိယာကျော်လွန်နေထိုင်ကြောင်း စစ်ဆေးတွေရှိခဲ့ရကြောင်း သိရသည်။

ဗီဇာစည်းကမ်းချိုးဖောက်သည့် တရုတ်နိုင်ငံသား (၂) ဦးကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရန် တာချီလိတ်မြို့နယ် လဝက မှ တာဝန်ရှိသူများက စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိပြီးသိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net