လားရှိုးမြို့တွင် တန့်ယန်းမြို့က အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့

လားရှိုးမြို့တွင် တန့်ယန်းမြို့က အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့
နိုဝင်ဘာ 16, 2020
By Tachileik News Agency
လားရှိုးမြို့တွင် တန့်ယန်းမြို့က အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ တန့်ယန်းမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၌ လွှဲလာသည့် လူနာအမျိုးသားတွင် COVID 19 ပိုးတွေ့ရပြီး ၎င်းအား ကနဦးစမ်းသပ်စစ်ဆေးပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်း (၆) ဦးကိုလည်း ဓာတ်ခွဲနမူနာရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“primary contact ကတော့ (၆)ယောက်လောက်ရှိတယ်။ သူက တန့်ယန်းကနေလွှဲလာတော့ နားနှာခေါင်းလည်ချောင်းဌာနကို ရောက်တယ်။ ကျွန်တော်တို့ အဲဒီမှာ သူ့ကိုစစ်ဆေးတဲ့ ဝန်ထမ်းနဲ့ ဓာတ်မှန်ရိုက်တဲ့ ဝန်ထမ်းပေါ့ စုစုပေါင်းအားလုံး (၆)ယောက်လောက်ရှိမယ်”ဟု လားရှိုးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ဉာဏ်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အမျိုးသားလူနာမှာ တန့်ယန်းမြို့တွင် ချောင်းဆိုးဝေဒနာရောဂါအား ကုသမှုခံယူနေရာမှ မသက်သာသဖြင့် လားရှိုးဆေးရုံသို့ နိုဝင်ဘာလ (၁၆)ရက်နေ့၌ လွှဲပို့လာရာ RDT ဖြင့် စစ်ဆေးရာမှ COVID 19 positive ဖြစ်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ်တော့ သူကတော့ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာလေးတော့ရှိတယ်။ လုံးလုံးကြီး ရောဂါလက္ခဏာမရှိတဲ့လူနာတော့ မဟုတ်ဘူးပေါ့။”ဟု လားရှိုးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ဉာဏ်မြင့်က နိုဝင်ဘာလ(၁၆)ရက်နေ့ ညပိုင်းတွင် ပြောသည်။
အတည်ပြုလူနာအမျိုးသားမှာ အသက် (၃၀)အရွယ်ဖြစ်ပြီး ချောင်းဆိုးဝေဒနာကို တစ်လဝန်းကျင်ကြာ ခံစားနေရသူဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~