မိုင်းဆတ်မြို့မှ အတည်ပြုလူနာ၏ ဆိုင်သို့ သတ်မှတ်ရက်အတွင်း သွားရောက် ဈေးဝယ်ခဲ့သူများ အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးထုတ်ပြန်

မိုင်းဆတ်မြို့မှ အတည်ပြုလူနာ၏ ဆိုင်သို့ သတ်မှတ်ရက်အတွင်း သွားရောက် ဈေးဝယ်ခဲ့သူများ အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးထုတ်ပြန်
အောက်တိုဘာ 12, 2020
By Tachileik News Agency
မိုင်းဆတ်မြို့မှ အတည်ပြုလူနာ၏ ဆိုင်သို့ သတ်မှတ်ရက်အတွင်း သွားရောက် ဈေးဝယ်ခဲ့သူများ အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးထုတ်ပြန် 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် အောက်တိုဘာလ (၁၂)ရက်နေ့၌ စစ်ဆေးတွေ့ရှိရသည့် အတည်ပြုလူနာနှင့်ပတ်သက်၍  ဒေသတွင်းနေ ပြည်သူများ လိုက်နာကြရန် အချက်(၇)ချက်ဖြင့် အောက်တိုဘာလ (၁၂)ရက်နေ့ ညပိုင်းတွင် ကြေငြာချက် ထုတ်ပြန်ထားရှိသည်။
တောင်ကြီး - မိုင်းတုံ ကုန်ပစ္စည်းသယ်လာသည့် ရှမ်းမင်းသားယာဉ်လိုင်းမှ မော်တော်ယာဉ်မောင်းအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့၌ မိုင်းတုံမြို့အဝင်တွင် RTD ဖြင့် စစ်ဆေးရာ COVID 19 ပိုးတွေ့ရသဖြင့် အဆိုပါ ယာဉ်မောင်း၏ ခရီးသွားရာဇဝင်အား စစ်ဆေးရာမှ အောက်တိုဘာလ (၇)ရက်နေ့က မိုင်းဆတ်မြို့သို့ သွားခဲ့ကြောင်း သိရပြီး  ကုန်စုံဆိုင်တွင် ကွမ်းရွက်သွားရောက် ပို့ဆောင်ရာ ကုန်စုံဆိုင်ရှိ အမျိုးသားတစ်ဦးမှ ကွမ်းခြင်းများကို ဝိုင်းသယ်ပေးရာမှ ကူးစက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ 
မိုင်းဆတ်မြို့မှ အတည်ပြုလူနာနှင့် ပတ်သက်၍ ဦးသက်လွင် ကုန်စုံဆိုင်တွင် ၂၀၂၀ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့မှ အောက်တိုဘာလ(၁၂)ရက်နေ့အတွင်း ဈေးဝယ်ခဲ့ကြသူများအနေဖြင့် နေအိမ်အတွင်း သီးသန့်နေထိုင်စေပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဆေးရုံသို့ အကြောင်းကြားနိုင်ရန် အသိပေးထားရှိသည်။
မိုင်းတုံမြို့ရှိ အတည်ပြုလူနာနှင့် ထိတွေ့သူများကို ရှာဖွေ၍ COVID 19 စစ်ဆေးပေးနေရာ မိုင်းတုံမြို့မှ (၂၆)ဦးဝန်းကျင်နှင့် မိုင်းဆတ်မှ (၈)ဦး ကနဦးတွေ့ရှိ၍ RTD ဖြင့် စစ်ဆေးရာက မိုင်းဆတ်မြို့မှ (၈)ဦးတွင် အမျိုးသားတစ်ဦး၌ Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~